Preview

မြန်မာနယ်ခြားစောင့်တပ်မှ ဘင်္ဂလာဒေ့ရှ်ငါးဖမ်းသမား ၉ဦးကိုနတ်မြစ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

နိုဝင်ဘာ ၁၄/ ၂၀၂၀ | ကြည့်ရှုသူ :8241
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ နိုဝင်ဘာ၁၄/၂၀၂၀

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့မှ ဘင်္ဂလာဒေ့ရှ့် ငါးဖမ်းသမား ၉ ဦးကို နတ်မြစ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဘင်္ဂလာဒေရှ့်နိုင်ငံ အိုကီးယားနယူးတွင် သတင်းဖော်ပြသည်။

ဖမ်းဆီးခံရသူများကို မည်သူမည်ဝါ ဖြစ်သည်ကို မသိရသေးသော်လည်း ၎င်းတို့ကို ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ် အတွင်းရှိ  Shah Porir Dwip က ဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB မှ ဒေသခံများကို ကိုးကားဖော်ပြသည်။

၎င်းငါးဖမ်းသမား ၉ ဦးသည် အင်္ဂါနေ့ မနက်ပိုင်းက ငါးဖမ်းရန် သွားရောက်စဉ် ငါးဖမ်းစက်လှေ စက်ပျက်ပြီး မျောနေစဉ် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များကရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် (၂) စခန်းမှ ဒုဗိုလ်မှူးကြီး Mohammed Faisal Hasan Khan အတည်ပြုပြီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်နေကြောင်း၊ များမကြာမီ ငါးဖမ်းသမားများ ပြန်ရောက်ရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

#နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.