Preview

ဘင်္ဂလာဒေ့ရှ်တွင် ကိုဗစ်နှင့် သေဆုံးမှု အနည်းငယ်ပြန်မြင့်တက်လာ

နိုဝင်ဘာ ၂၆/ ၂၀၂၀ | ကြည့်ရှုသူ :1194
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ နိုဝင်ဘာ၂၆/၂၀၂၀

မြန်မာအိမ်နီးချင်းဘင်္ဂလာဒေ့ရှ်နို်င်ငံတွင် ကိုဗစ်ကြောင့် သေဆုံးမှု ပြန်မြင့်တက်လာရာ လွန်ခဲ့သည့် ၂၄ နာရီ အတွင်း သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့သည်။

၎င်းပြင် ရောဂါပိုးတွေ့ရှိသူမှာ ၂၂၉၂ ဦးရှိခဲ့ပြီး ပြန်လည် သက်သာကောင်းမွန်လာသူမှာ ၂၂၇၄ ဦးရှိကြောင်း ဘင်္ဂလာဒေ့ရှ် ကျန်းမာရေး ညွှန်ကြာရေး ဦးစီးဌာမှ သတင်းထုတ်ပြန်သည်။

ဘင်္ဂလာဒေရှ့်နိုင်ငံတွင် ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၆၅၂၄ ဦးရှိပြီး ရောဂါပိုးတွေ့သူပေါင်းမှာ ၄၅၆၄၃၈ ဦးရှိကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သေဆုံးမှုနူန်းမှာ ရောဂါဖြစ်ပွားသူ စုစုပေါင်း၏ ၁ ဒဿမ ၄၃ ရာနူန်းရှိကြောင်း၊ ပြန်လည်သက်သာ၍ ဆေးရုံက ဆင်းခွင့်၇သူပေါင်းမှာ ၃၇၁၄၅၃ ဦးရှိကြောင်း သိရှိရသည်။

ဘင်္ဂလာဒေရှ့်တွင် နိုဝင်ဘာ ၂၅ ရက်နေ့က သေဆုံးသူ ၃၉ ဦးရှိခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်နေ့က ၃၂ ဦး ၊ နိုဝင်ဘာ ၂၃ ရက်နေ့က ၂၈ ဦး၊ နိုဝင်ဘာ ၂၂ ရက်နေ့က  ၃၈ ဦးရှိခဲ့သည်။

ဘင်္ဂလာဒေရှ့်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာက ဆောင်းတွင်းကာလတွင် ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားလာနိုင်ကြောင်း လွန်ခဲ့သည့်လက သတိပေးမှု ပြုလုပ်ခဲ့သည်။

Covid-19: 37 die,2,292 infected, 2,274 recover in 24 hours/The Daily Star


#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.