Preview

မြန်မာဘက်သို့ ပို့ဆောင်မည့် ရွှေချောင်းများနယ်စပ်တွင်ဖမ်းမိ

ဒီဇင်ဘာ ၀၁/ ၂၀၂၀ | ကြည့်ရှုသူ :6779
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ ဒီဇင်ဘာ ၁/၂၀၂၀

မြန်မာဘက်သို့ တင်ပို့မည် ကျပ်ချိန် ၄၀၃ ကျပ်ရှိသည့် ရွှေချောင်း ၂၈ ချောင်းကို မြန်မာနယ်စပ်အနီးတွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းမိခဲ့သည်ဟု ပါပဒါသတင်းတွင် ဖော်ပြသည်။

၎င်းရွှေချောင်းများ၏ တန်ဖိုးမှာ တာကာ ၃ ကုဋေ  ၂သိန်း၊ ၂ သောင်း ငါးထောင်ဖိုးရှိသည်ဟု ၎င်းသတင်းတွင် ဖော်ပြသည်။

ယမန်နေ့ ညဉ့်အချိန် မြန်မာနယ်စပ်အနီးရှိ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်သရီမြို့နယ်၊ အာရှတော်လီတွင် ရှိသည့် နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေရာမှ ဖမ်းမိခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

အဆိုပါဒေသသည် မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ကပ်ရပ်တည်ရှိသည်။

၎င်းရွှေချောင်းများနှင့်အတူ ယောကျာ်းဖြစ်သူ မူဟာမတ်ဖါရုဒ်နှင့် ဇနီးဖြစ်သူ မာရီယာဘေဂွန်တို့ကို ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.