နိရဉ္စရာ၊ ဧပြီ၁/၂၀၂၁(နိုင်ငံတကာ)
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်၁၉ ရောဂါကြောင့် သေဆုံးသူ ၅၉ ဦးထိ ရှိကြောင်း The DailyStar သတင်းစာက သတင်းဖော်ပြသည်။
ကျန်းမာရေးညွှန်ကြားမှု ဦးစီးဌာနမှထုတ်ပြန်သောသတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြရာတွင် လွန်ခဲ့သည့်၂၄ နာရီ အတွင်း (ယနေ့မနက် ၈ နာရီထိ) ကိုဗစ်၁၉ကြောင့် သေဆုံးသူ လူ ၅၉ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။
သေဆုံးသူ၅၉ ဦးထဲတွင် အမျိုးသား ၃၅ ဦးနှင့် အမျိုးသမီး ၂၄ ဦးတို့ဖြစ်ကြသည်။ သေဆုံးသူများ အထဲတွင်အသက် ၂၁ မှ ၃၀ အကြားတစ်ဦး၊ အသက် ၃၁ မှ ၄၀ အကြား၄ ဦး၊ အသက် ၄၁ မှ ၅၀ အကြား ၁၁ ဦး၊ အသက် ၅၁ မှ ၆၀ အကြား ၁၃ ဦး၊ ကျန် ၃၀ မှာ အသက် ၆၀အထက်ဟု သတင်းတွင် ဖော်ပြထားသည်။
ယခုသေဆုံးမှုနူန်းထားမှာကိုဗစ်ရောဂါဖြစ်ပွားခဲ့သည့် (၉) လကျော်ကာလအတွင်း တစ်နေ့တည်းအတွင်း ဒုတိယသေဆုံးမှုအများဆုံးနေ့ရက်တစ်ရက်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့မှာ ၆၄ ဦးဖြင့် အများဆုံးသေဆုံးခဲ့သည့် နေ့တစ်နေ့ဖြစ်ခဲ့သည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်ကိုဗစ် ၁၉ ရောဂါဖြင့် ယနေ့နံနက် ၈ နာရီထိ သေဆုံးသူ ၉၁၀၅ ဦးရှိပြီး ၎င်းသေဆုံးမှု ပမာဏမှာရောဂါဖြစ်ပွားသူ ၁ ဒသမ ၄၇ ရာခိုင်နှုန်းဖြစ်သည်။
၎င်းပြင်လွန်ခဲ့သော ၂၄ နာရီအတွင်း Covid-19ဖြစ်ပွားမှုအရေအတွက်သည် ၆၄၆၉ ထိ စံချိန်သစ်တင် မြင့်တက်ခဲ့ပြီး မတ်လ ၈ ရက်နေ့မှ ယနေ့ထိ ကိုဗစ်ဖြစ်ပွားသူ အရေအတွက်မှာ ၆၁ရ၇၆၄ သည်ဟုလည်း သတင်းတွင် ဖော်ပြသည်။
ယမန်နေ့ မတ်လ၃၁ ရက်နေ့က ရောဂါပိုး တွေ့ရှိသူမှာ ၅၃၅၈ ဦးရှိခဲ့သည်။
လွန်ခဲ့သော၂၄ နာရီအတွင်း ပြန်သက်သာလာသူမှာ ၂၅၃၉ ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်လည်သက်သာလာ၍ ဆေးရုံမှ ဆင်း၇သူမှာ ၅၄၄၉၃၈ဦးရှိသည်ဟု သိ၇သည်။