Preview

ဘင်္ဂလာဒေ့ရှ်ကိုဗစ်အခြေအနေဆိုးရွား၊ တစ်နေ့တည်းသေဆုံးသူ ၆၃ ဦးထိ မြင့်တက်လာ

ဧပြီ ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :9037
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဧပြီ ၈/၂၀၂၁(နိုင်ငံတကာ)

မြန်မာအိမ်နီးချင်းဘင်္ဂလာဒေရှ့်တွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာနေပြီး လွန်ခဲ့သည့် ၂၄ နာရီ (တစ်ရက်တည်းအတွင်း) သေဆုံးသူ ၆၃ ဦးထိရှိကြောင်းဘင်္ဂလာဒေ့ရှ်က လာသော သတင်းများတွင် ဖော်ပြသည်။

ယမန်နေ့က ၆၃ ဦးသေဆုံးမှုမှာ ဘင်္ဂလာဒေ့ရှ် သေဆုံးမှု အမြင့်ဆုံး၃ ရက်အထဲတွင် တစ်နေ့ အပါအဝင်ဖြစ်သည်ဟုဆိုသည်။

ဘင်္ဂလာဒေ့ရှ်တွင် ၂၀၂၀ ခုနှစ် မတ်လ ၈ ရက်နေ့ကစတင်ပြီး (ယမန်နေ့ကသေဆုံးသူ ၆၃ ဦး အပါအဝင်) လက်ရှိ အချိန်ထိ ကိုဗစ် ၁၉ရောဂါဖြင့် သေဆုံးသူပေါင်းမှာ ၉၄၄ရဦးရှိသွားပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ် ၁၉ ရောဂါ (Positive) တွေ့ရှိသူမှာ ၇၆၂၆ ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ရောဂါပိုးတွေ့ရှိသူပေါင်းမှာ ၆၅၉၂၇၈ ဦးရှိသွားပြီဖြစ်သည်။

လွန်ခဲ့သည့် တစ်ရက်အတွင်း ရောဂါသက်သာလာ၍ ဆေးရုံမှ ဆင်းသူ ၃၂၅၆ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆေးရုံမှ ဆင်းခွင့်ရသွားသူ အရေအတွက်မှာ ၅၆၁၆၃၉ဦးရှိပြီဟု သိ၇သည်။

Ref: Bangladesh reports highest Covid-19 daily spike with 7,626 newcases, 63 more die

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.