Preview

ကိုဗစ်ကြောင့် ဘင်္ဂလာဒေ့ရှ်တွင် တစ်နေ့အတွင်း သေဆုံးသူ ၁၁၂ ဦးထိ မြင့်တက်လာ

ဧပြီ ၂၀/ ၂၀၂၁ | ကြည့်ရှုသူ :1849
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဧပြီ ၂၀/၂၀၂၁

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ၂၄ နာရီအတွင်း(ယမန်နေ့ နင်္လာနေ့ နံနက်အထိ) ကိုဗစ်ကြောင့် သေဆုံးသူ ၁၁၂ ဦးရှိခဲ့သည်။

ယခုသေဆုံမှုမှာ ယခင်နေ့ရက်များကို ကျော်ဖြတ်ပြီး သေဆုံးမှု အများဆုံးနေ့တစ်ရက်ဖြစ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ်တွင် မတ်လ ရက်နေ့မှ ကိုဗစ်ပိုးစတင်တွေ့ရှိချိန်မှ စ၍ ယနေ့အချိန်ထိ သေဆုံးသူပေါင်းမှာ ၁၀၄၉၇ ဦးရှိသွားပြီဟု ဆိုသည်။

၎င်းပြင် ရောဂါပိုးတွေ့ရှိသူမှာ ၂၄ နာရီအတွင်း ၄၂၇၁ ဦးရှိပြီး ရောဂါဖြစ်ပွားသူမှာ ၇၂၃၂၂၁ ဦးဖြစ်သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဆေးရုံမှ ဆင်းခွင့်၇သူ ၆၃၆၄ ဦးမှာစုစုပေါင်း ကျန်းမာရေး ကောင်းမွန်လာ၍ ဆေးရုံကဆင်းပြီး ၆၂၁၃၀၀ဦး ရှိကြောင်း ကိုရိုနာနဲ့ ပတ်သက်ပြီး အစိုး၇ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Ref: Bangladesh reports highest-ever112 Covid-19 deaths, 4271 new cases

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.