ဘင်္ဂလာဒေ့ရှ်တွင် ဧပြီတစ်လတည်းအတွင်း ကိုဗစ်ရောဂါနှင့် လူပေါင်း ၂၄၀၄ ဦးသေဆုံး


နိရဉ္စရာ၊ မေ ၂၀၂၁

 

ဘင်္ဂလာဒေ့ရှ်နိုင်ံတွင် ဧပြီတစ်လတည်းအတွင်း ကိုဗစ်ရောဂါနှင့်သေဆုံးသူ ၂၄၀၄ ဦးရှိခဲ့ပြီး ဧပြီလမှာ သေဆုံးမှု အမြင့်ဆုံလတစ်လ ဖြစ်ကြောင်း Bdnews24  တွင် သတင်းဖော်ပြသည်။

 

အဆိုပါ သေဆုံးမှုအရ တစ်ရက်ကို လူပေါင်း ၈၀ သေဆုံးနှုန်းဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းသတင်းတွင် ဖော်ပြထားသည်။

 

မနေ့က စနေနေ့ တစ်နေ့တည်းအတွင်း သေဆုံးသူ ၆၀ ရှိခဲ့ပြီး တစ်နိုင်ငံလုံး သေဆုံးသူအရေအတွက်မှာ ၁၁၅၁၀ ဦးထိမြှင့်တက်လာခဲ့သည်ဟုဆိုသည်။

 

လက်ရှိတွင် လော့ဒေါင်းချထားမှုကို ဧပြီ၅ ရက်မှ မေ ၅ ရက်နေ့ထိ တိုးမြှင့်ထားကြောင်း သိရသည်။

Share: