နိရဉ္စရာ၊ မေ ၈/၂၀၂၁
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ရခိုင်ပြည်နယ်ဘက်က ဘင်္ဂလာဒေ့ရှ်သို့ ခိုးဝင်ရန် ကြိုးစားသူ မူဆလင် ၁၀၄ ဦးကို ပြန်လည်ပို့ဆောင်ခဲ့၇ကြောင်း Okhiya News Today တွင် သတင်းဖော်ပြသည်။
၎င်းလူအရေအတွက်မှာ မတ်လနှင့် ဧပြီလအတွင်းဝင်ရောက်လာသူဖြစ်ပြီး ပြန်လည် မြန်မာဘက်သို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလာဒေ့ရှ်သို့ မြန်မာနိုင်ငံဘက်ကယခုနောက်ပိုင်း ဝင်ရောက်ရန် ကြိုးစားသူများပြားနေကြောင်း သတင်းတွင် ဖော်ပြထားသည်။