နိရဉ္စရာ၊ မေ ၂၂/ ၂၀၂၁
မြန်မာနိုင်ငံ၊ ၇ခိုင်ပြည်နယ်မှ ယာဘားမှောင်ခိုသမား ၆ ဦးကိုယာဘားဆေးပြား ၂၆၀၀၀ နှင့် အတူ ဘင်္ဂလာဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟုအိုကီးယားအွင်လိုင်း သတင်းတွင် ဖော်ပြသည်။
၎င်းတို့ကို ဘင်္ဂလာဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့မှ တပ်မှူး M Mirajul Hasan ဦးဆောင်ပြီး မေ ၁၉ ရက်နေ့က ပြုလုပ်အထူးအော်ပရေးရှင်း တစ်ခုအတွင်း ဘုတ်တစ်စီးနှင့်အတူ တက်နက်မြို့နယ် KK Khal Ghat တွင် ဖမ်းမိသည်ဟု ဆိုသည်။
ဖမ်းဆီးခံ၇သူများမှာ အဘဒူလာ (၂၆) နှစ်(ဘ) ဖိုင်ဇူရာဟမန်၊အမ်းဒီ အီဘရာဟန်(၃၀) နှစ်(ဘ) ရာဟိန်းအူလာ၊ အမ်းဒီအလာမ်(၂၆) နှစ်(ဘ) ဇာကာရီယာ၊ အမ်းဒီယာဆိမ်း(၃၂)နှစ် (ဘ) အဘူဘာကာဆိဒီ၊ နုရ်မူဟာမတ်(၂၆)နှစ်(ဘ) ဆီဒအာလီနှင့် ကာရိန်းအူလာ(၃၄) (ဘ) မာတီးယာရာဟာမန်တို့ ဖြစ်ကြသည်။
၎င်းတို့ကို ဖမ်းမိသော ဘုတ်၊ ဆေးပြားများနှင့် အတူ ဘင်္ဂလာကမ်းခြေစောင့်တပ်ဖွဲ့ကတက်ကနက်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းလိုက်သည်ဟု သတင်းတွင် ဖော်ပြထားသည်။