Preview

Teknaf နာယာပါရာဒုက္ခသည်စခန်းမှ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်အပါအဝင် နှစ်ဦးဖမ်းမိ

ဇွန် ၀၁/ ၂၀၂၁ | ကြည့်ရှုသူ :4496
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇွန် ၁/၂၀၂၁

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ တက်ကနက်(Teknaf/ ရခိုင်အခေါ် ကယုချောင်း)မြို့နယ်တွင် တည်ရှိသည့် မြန်မာနိုင်ငံမှ မူဆလင် ဒုက္ခသည်များ နေထိုင်ရာ နာယာပါရာဒုက္ခသည်စခန်းတွင်အကြဖမ်းအဖွဲ့ခေါင်းဆောင်တစ်ဦးနှင့် နောက်လိုက်တစ်ဦးတို့ကို သေနတ်၊ ဓါးမြှောင်တို့နှင့်အတူ ဖမ်းမိသည်ဟု CBN သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံ၇သူ အကြဖမ်းအဖွဲ့ခေါင်းဆောင်မှာ Mohammad Alam Prakash (၃၅) နှစ်ဖြစ်ပြီး နာယာပါရာ ဒုက္ခသည်စခန်းတွင် အဓိက အကြမ်းဖက်အုပ်စု တစ်ခုဖြစ်သည့်Mahat Alam အဖွဲ့ကဟု သတင်းတွင်ဖော်ပြသည်။

သူနှင့် အတူ ဖမ်းဆီးခံ၇သူ နောက်လိုက်တစ်ဦးမှာ Rafiq (၂၅) နှစ်ဖြစ်သည်ဟုဆိုသည်။

၎င်းတို့ နှစ်ဦးကို သတင်းအရ ရဲက စခန်းတွင် ဝင်ရောက်ရှာဖွေရာကမေ ၃၁ ရက် တနင်္လာနေ့ နံနက် ၁၁ နာရီတွင် နာယာပါရာ ဒုက္ခသည်စခန်းမှ ဖမ်းမိခြင်းဖြစ်ကြောင်းရဲလက်နက်ကိုင်တပ်ဖွဲ့  (APBN) အဖွဲ့ အကြီးအကဲ Md Tariqul Islam Tariq က CBN သတင်းသို့ ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းတို့ထံမှ ခြောက်လုံးပြူး သေနတ်တစ်လက်နှင့် ဓါးမြောင်တစ်ချောင်းတို့ကိုသိမ်းဆည်း၇မိသည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးမှာ အမှုအများအပြားဖြင့် ရဲက အလိုရှိနေသူများဟုလည်းသတင်းတွင် ရေးသားထားသည်။

 

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.