Preview

ဘင်္ဂလားရှိ ဒုက္ခသည်စခန်းများမှ လူ၃၆ ဦးတွင် ကိုဗစ်ပိုးထပ်တွေ့၊ လော့ဒေါင်းချထားမှုကို ရပ်တိုးမြှင့်၊ မြန်မာနယ်စပ်အနီးရှိ ဘင်္ဂလာနေရာတချို့ အနီရောင်ဇုန်သတ်မှတ်

ဇွန် ၀၃/ ၂၀၂၁ | ကြည့်ရှုသူ :3757
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ဇွန် ၃/ ၂၀၂၁

ဇွန်၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်၊ ကော့စ်ဘဇားခရိုင်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၇၈ ဦးရှိခဲ့ရာ ထိုအထဲမှ ၃၆ ဦးမှာ မြန်မာနိုင်ငံမှထွက်ပြေးလာကြသည့် ဒုက္ခသည်များနေထိုင်ရာ မူဆလင် ဒုက္ခသည်များစခန်းမှ ဖြစ်ကြောင်း UkhiyaNews.com  တွင် သတင်းဖော်ပြသည်။

၎င်းသတင်းကိုကော့စ်ဘဇားဆေးကောလိပ်မှ လက်ထောက်ပါမောက္ခ Dr. MohammadShahjahan Nazir အတည်ပြုပြောဆိုကြောင်း သတင်းတွင် ဖော်ပြသည်။

လူပေါင်း၆၅၈ ဦးအား စစ်ဆေးရာတွင် ၇၈ ဦးမှာ Positive ဖြစ်ပြီး ကျန် ၅၆၀ မှာ Negative ဖြစ်ကြောင်းသတင်းတွင် ဖော်ပြထားသည်။

အလားတူမေလ ၃၀ ရက်နေ့ကလည်း ကော့စ်ဘဇားခရိုင်၌ လူပေါင်း ၁၀၇ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးထိုအထဲမှ ၂၁ ဦးမှာ ဒုက္ခသည် စခန်းများမှ ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

 ကိုဗစ်ပိုးတွေ့ရှမှုများလာသဖြင့် မေ ၂၁ ရက်နေ့က စတင်ပြီး တက်ကနက်မြို့နယ်နှင့် အိုကီးယားမြို့နယ်ဒုက္ခသည် စခန်းအမှတ် ၂၊ ၃၊ ၄၊ ၁၅ နှင့် ၂၄ တို့ကို အသွားအလာ ကန့်သတ်ကာ လော့ဒေါင်းချထားမှုကိုနောက်ထပ် ရ ရက်နေ့ ထပ်တိုးကာ ဇွန် ၆ ရက်နေ့ထိ သတ်မှတ်ထားကြောင်း သိ၇သည်။

၎င်းပြင် မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ထိစပ်နေသည့်ဘင်္ဂလားဒေ့ရှ်၊ အိုကီးယားမြို့နယ် ရာဇပလန်(Rajapalang) တိုက်နယ်မှ  နယ်မြေ ၄ခု ( ၂၊ ၅၊ ၆၊ ၉ ) တို့ကိုလည်းအနီရောင်နယ်မြေ (Red Zone) အဖြစ် ယမန်နေ့ ညဉ့် ၁၂ နာရီမှဇူလှိုင် ၈ ရက်နေ့ထိ သတ်မှတ်လိုက်ကြောင်း UkhiyaNews  တွင် ယနေ့သတင်းဖော်ပြထားသည်။

 

 Refး

৩৬ রোহিঙ্গাসহ আরও ৭৮ জনের করোনাশনাক্ত

Lockdown extendedin five Rohingya camps

Increased corona infection: Red zone declared in Ukhiya

 

 

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.