Preview

မြန်မာအိမ်နီချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် လူပေါင်း ၁၃၂ ဦး သေဆုံး

ဇူလိုင် ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :7649
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇူလိုင်၃/၂၀၂၁
မြန်မာအိမ်နီချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် လူပေါင်း ၁၃၂ ဦး သေဆုံးကြောင်း ဒက္ကားအခြေစိုက် The Independent တွင် သတင်းဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ဆောင်မှုများညွှန်ကြားမှု ဦးစီးဌာနမှ သောကြာနေ့ ထုတ်ပြန်ချက်တွင် ၂၄ နာရီအတွင်း လူသေဆုံးမှု ၁၃၂ ဦးရှိကြောင်း ဖော်ပြထားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးသူမှာ စုစုပေါင်း ၁၄ရ၇၈ ဦးရှိသွားပြီဟု သိ၇သည်။
ထို့အပြင် ၈,၄၈၃ တွင် Positive ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံ၇သူမှာ ၉,၃၀,၀၄၂ အထိ ရှိလာသည်ဟု သိ၇သည်။
ထို့အပြင်ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြန်လည် သက်သာကောင်းမွန်လာသူမှာ ၄,၅၀၉ ယောက်ရှိပြီး စုစုပေါင်းပြန်လည်ကျန်းမာရေး ကောင်းလာသူမှာ ၈,၂၅,၄၂၂ အထိရှိသည်ဟုထုတ်ပြန်ချက်က ဆိုသည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.