Preview

မြန်မာမှမူဆလင်ဒုက္ခသည်များနေထိုင်ရာ အိုကီယားမြို့တွင် မြေပြို၍ ၆ ဦးသေဆုံး

ဇူလိုင် ၃၀/ ၂၀၂၁ | ကြည့်ရှုသူ :6974
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂၈/၂၀၂၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား(ဖလောင်းချိတ်) ခရိုင်၊ အိုကီယားမြို့နယ်ရှိ မြန်မာနိုင်ငံမှ လာရောက်ခိုလှုံနေကြသည့် မူဆလင်ဒုက္ခသည်စခန်းတစ်ခုတွင် ယမန်နေ့ နေ့လယ်က မြေပြို၍ လူ ၆ ဦးသေဆုံးသွားကြောင်း အိုကီယားနယူးစ်တွင် သတင်းဖော်ပြသည်။
၎င်းဖြစ်ရပ်အပေါ် အရေးပေါ်ကူညီရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နာ Mohammad Samsuddauja Nayon က အတည်ပြုကြောင်း သတင်းတွင် ဖော်ပြသည်။
သေဆုံးသူများအထဲတွင် ကလေးငယ်တစ်ဦးပါဝင်သည်ဟု ဆိုသည်။
အဆိုပါဒေသတွင် မိုးရာသီရောက်တိုင်း နှစ်စဉ် မကြာခဏ မြေပြို၍သေဆုံးမှုများရှိသော်လည်း ၎င်းကို ကာကွယ်တားဆီးရန် ရေရှည်ချမှတ်ထားသော အစီအစဉ်များ မရှိကြောင်း သတင်းက ဆက်လက်ရေးသားထားသည်။

#ရေဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.