အောက်တိုဘာ ၅ ၇က်(နိုင်ငံတကာ)
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌသစ်ဖူမီကို ခီရှီဒါ (Fumio kishida) သည် အယောက် ၁၀၀ မြောက်ဂျပန်ဝန်ကြီးချုပ် ဖြစ်လာကြောင်း ဆင်ဟွာသတင်းဌာနက သတင်းဖော်ပြသည်။
အောက်တိုဘာ ၄ ရက် ညနေပိုင်းကဖူမီကို ခီရှီဒါသည် ဂျပန်နိုင်ငံ၏အယောက် (၁၀၀)မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံ၇ကြောင်း၊ ၎င်းသည် ဝန်ကြီးချုပ်အဖြစ် အရွေးခံ၇ပြီးနောက်အစိုး၇သစ် ချက်ချင်းဖွဲ့စည်းခဲ့ကြောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူးချုပ်Hirokazu Matsunoက အစိုးအဖွဲ့ဝင်အမည်စာရင်းကိုဝန်ကြီးချုပ် အိမ်တော်တွင် ကြေညာခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။
ယင်းနေ့ညပိုင်းကဂျပန်ဘုရင့်နန်းတော်တွင် ဝန်ကြီးချုပ်နှင့် အစိုး၇အဖွဲ့ဝန်ကြီးများခန့်အပ်သည့် အခမ်းအနားကိုကျင်းပခဲ့ပြီး အစိုးရအဖွဲ့သစ်ကို တရားဝင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခင် အစိုး၇အဖွဲ့၏ အဖွဲ့ဝင် ဝန်ကြီး ၃ ဦးအစိုး၇အဖွဲ့သစ်တွင် ပြန်လည်ပါဝင်ခဲ့ရာ ၎င်းတို့အနက် နိုင်ငံခြားရေးဝန်ကြီးToshimitsuMotegiနှင့်ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့ကိုမူလနေရာတွင် ထားရှိပြီး မူလ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့်သိပ္ပံနည်းပညာ ဝန်ကြီးKōichi Hagiudaကို စီးပွားရေး၊ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ကြောင်းသိ၇သည်။
ဖူမီကိုခီရှီဒါ၏ ဝန်ကြီးအဖွဲ့တွင် အဖွဲ့ဝင် စုစုပေါင်း ၂၀ ဦး ရှိရာ ၎င်းတို့အနက် ၁၃ဦးမှာ ပထမဆုံး အစိုး၇အဖွဲ့ ဝင်ဝန်ကြီးဖြစ်လာပြီး အမျိုးသမီးဝန်ကြီး၃ ဦး ပါဝင်ကြောင်း သိ၇သည်။
ဝန်ကြီးအဖွဲ့ဖွဲ့စည်းပုံသည် ဖူမီကို ခီရှီဒါ၏ သဘောဆန္ဒကို ထင်ဟပ်စေကြောင်း သတင်းက ဖော်ပြသည်။
အဖွဲ့ဝင်စီမံခန့်ခွဲမှုကတစ်ဆင့် ဖူမီကိုခီရှီဒါ၏ စီးပွားရေး၊ သံတမန်ရေးနှင့်လုံခြုံရေးစသည့် ကဏ္ဍများတွင် ရှင်ဇိုအာဘေးနှင့်ယိုရှီဟီဒဲဆူဂါ၏လမ်းစဉ်အတိုင်း လျှောက်ဖွယ်ရှိရာ အပြောင်းအလဲကြီးကြီးမားမားမရှိနိုင်ဟု သုံးသပ်သူတစ်ချို့က ယူဆကြသည်။
အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင် ယိုရှီဟီဒဲဆူဂါအစိုး၇အဖွဲ့သည် ယာယီအစိုးရအဖွဲ့အစည်းအဝေးတွင်ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။