Preview

မှောင်ခိုလုပ်ငန်းတွေတားဆီးရေး မြန်မာနဲ့ ဆက်စပ်တဲ့ ဘင်္ဂလာဒေ့ရှ် နယ်စပ်တစ်လျှောက် သေနတ်ပစ်ခတ်ခွင့်ပြုသွားမည်ဟုဆို

အောက်တိုဘာ ၀၆/ ၂၀၂၁ | ကြည့်ရှုသူ :3278
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ အောက်တိုဘာ၆ ( နိုင်ငံတကာ)

မြန်မာနဲ့ ထိစပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာ  လက်နက်မှောင်ခိုမှုနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေကို တားဆီးနိုင်ဖို့  အတွက်သေနတ်နဲ့ ပစ်ခတ်ဖို့  ခွင့်ပြုသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးအေကေအဘာဒူလ် မိုမန်းကမနေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၅ ရက် နေ့နံနက်ပိုင်းက  ဘင်္ဂလာဒေ့ရှ်နိုင်ငံမြောက်ပိုင်းက ဆီးလပ် ဆေးကောလိပ် အစီအစဉ်တစ်ခုတက်ရောက်ပြီးနောက်သတင်းထောက်တွေကို ခုလိုထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ခုလိုလုပ်တာဟာ မြန်မာနယ်စပ်တစ်လျှောက်မှာ လက်နက်ကုန်သွယ်မှု နဲ့မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊လူမှောင်ခိုကူးမှုတွေကို ရပ်တန့်ရေး အတွက် ရည်ရွယ်တယ်လို့ပြောဆိုသွားပါတယ်။

နိုင်ငံ တစ်ခုနဲ့ထိစပ်နေတဲ့ နယ်စပ်ကိုအရင် ခုလို ပစ်ခတ်ဖို့ ဆုံးဖြတ်ထားတာမရှိပေမဲ့ တနင်္လာနေ့က ဘင်္ဂလာ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ် အရေး ဆွေးနွေးခဲ့ရာမှာ အနာဂတ်မှာ ခုလိုပစ်ခတ်မယ်လို့ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။  ခုလို ပစ်ခတ်မှသာလူမှောင်ခိုကူးမှု၊ မူးယစ်ဆေးဝါးမှုနဲ့လက်နက်မှောင်ခိုမှုကဲ့သို့သော ရာဇဝတ်မှုတွေ ရပ်တန့်သွားလိမ့်မယ်လို့လည်းသူကပြောပါတယ်။

နောက်တစ်ခြားသတင်းတစ်ပုဒ်မှာတော့  ကော့စ်ဘဇားခရိုင်အတွင်းမှာ တည်ရှိတဲ့  မြန်မာ မူဆလင် ဒုက္ခသည်စခန်းတွေမှာ  ရှိနေတဲ့မူးယစ် ရာဇဝတ်ဂိုဏ်းတွေရဲ့ လက်ထဲကို မြန်မာဘက်က လက်နက်တွေ ဝင်ရောက်နေတယ်လို့လည်းစွပ်စွဲထားပါတယ်။

#နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.