ပါကစ္စတန်တွင် ငလျင်လှုပ်၍ လူ ၂၀ သေဆုံး


နိရဉ္စရာ၊ အောက်တိုဘာ (နိုင်ငံတကာ)

ပါကစ္စတန်နိုင်ငံတောင်ပိုင်းမှာ ဒီကနေ့  ကြာသပတေးနေ့ မနက် အစောကြီး ညဉ့်အချိန်က ပြင်းအား . ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက်လူ ၂၀ လောက်သေဆုံးခဲ့တယ်လို့ အစိုးရအရာရှိတွေကို ကိုးကားပြီး  AFP က သတင်းဖော်ပြပါတယ်။

အိမ်တွေရဲ့ ခေါင်မိုးတွေနဲ့ နံရံများပြိုကျမှုကြောင့် သေဆုံးသူများစွာရှိတယ်လို့ ပြည်နယ်အစိုးရအကြီးတန်းအရာရှိ Suhail Anwar Hashmi က AFP သို့ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့သူ အယောက် ၂၀ ထဲမှာ အမျိုးသမီးတစ်ဦးနဲ့ ကလေးခြောက် ဦး တို့ပါဝင်တယ်လို့ဆိုပါတယ်။ "ငလျင်ကြောင့်လူ ၂၀ သေဆုံးတယ်ဆိုတဲ့သတင်းတွေကိုကျနော်တို့လက်ခံရရှိနေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေပါတယ်" ဟုပြည်နယ်ပြည်ထဲရေးဝန်ကြီး Mir Zia ullah Langau ကပြောကြားခဲ့တယ်လို့ လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဘာလိုရှိစတန် (Balochistan) ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အကြီးအကဲ Naseer Nasar ကလူ ၁၅ ဦး ကနေ ၂၀ ဦး သေဆုံးတယ်လို့ ပြောဆိုထားပေမဲ့ သေဆုံးသူ ဦးရေတိုးလာနိုင်တယ်လို့ ပြောဆိုကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

အဆိုးရွားဆုံးထိခိုက်ခံရသောဒေသမှာ ဘာလိုရှိစတန် ပြည်နယ်အတွင်းက  ဝေးလံခေါင်သီတဲ့ တောင်တန်းမြို့  ဟာနိုင်း (Harnai) ဖြစ်ပြီး လမ်းတွေကောင်းမွန်စွာ မရှိခြင်း၊ လျှပ်စစ်မီးနဲ့ မိုဘိုင်းလ်ဖုံးတွေ ကောင်းမွန်စွာ မရှိတာတွေက  ကယ်ဆယ်ရေး ကြိုးပမ်းမှုကို အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။

Share: