Preview

အမေရိကန်နိုင်ငံကနျူကလီးယားလက်နက်ထိပ်ဖူး ၃,၇၅၀ ခုကိုလက်ဝယ်ပိုင်ဆိုင်ထားဟုထုတ်ဖော်ပြောကြား

အောက်တိုဘာ ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :8645
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ အောက်တိုဘာရ ရက်(နိုင်ငံတကာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကအမေရိကန်ပြည်ထောင်စု လက်ဝယ်သိမ်းဆည်းထားသည့် နျူကလီးယား လက်နက်အရေအတွက်ကို အောက်တိုဘာ ၅ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ စုစုပေါင်းနျူကလီးယားလက်နက်ထိပ်ဖူးပေါင်း၃,၇၅၀ ခုကို လက်ဝယ်ထားသိမ်းဆည်းထားကြောင်းဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းတွင်ဖော်ပြသည်။

အောက်တိုဘာ ၅ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် အမေရိကန်နိုင်ငံက ထိုသို့ ဖော်ပြခဲ့သည်ဟု ဆိုသည်။

အဆိုပါနျူးကလီးယား ထိပ်ဖူးများအထဲတွင်အသက်သွင်းထားသော(active) နှင့် အသက်မသွင်း ထားသော (inactive) လက်နက်ထိပ်ဖူးနှစ်မျိုးစလုံးပါဝင်ကြောင်း အစီရင်ခံစာတွင်မှတ်ချက်ပြုခဲ့ပြီး အရန်လက်နက်ထိပ်ဖူး ၂,၀၀၀ ခန့်ကို လက်ရှိတွင် အသုံးမပြုတော့ဘဲစနစ်တကျဖျက်ဆီးရန် စောင့်ဆိုင်းနေကြောင်း ထည့်သွင်းဖော်ပြထားသည်ဟု ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။

နျူကလီးယားလက်ဝယ်သိုလှောင်ထားရှိမှုအရေအတွက်ကို ထုတ်ဖော်ပြောကြားခြင်းအားလျှို့ဝှက်ထားရန် ယခင်အစိုး၇က ချမှတ်ခဲ့သည့် မူဝါဒအား ဆန့်ကျင်ကာ လေးနှစ်အတွင်းပထမဆုံး အကြိမ်အဖြစ် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်အများဆုံး ပိုင်ဆိုင်ထားသူများ ဖြစ်ကြောင်း သိ၇သည်။ ကမ္ဘာ့နျူကလီးယားလက်နက်ထိပ်ဖူးအားလုံး၏၉၀ ရာခိုင်နှုန်းကျော်ကို အမေရိကန်နိုင်ငံ နှင့်ရုရှားနိုင်ငံတို့က ပိုင်ဆိုင်ထားကြောင်း ဝါရှင်တန်ဒီစီအခြေစိုက်အကြံပေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့၏နောက်ဆုံးအချက်အလက်များအရ သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.