Preview

ဂျပန်တွင် အင်အာပြင်း ငလျင်လှုပ်ခတ်မှုကြောင့် လူ ၃၂ ဦး ထိခိုက်ဒဏ်ရာရ

အောက်တိုဘာ ၀၉/ ၂၀၂၁ | ကြည့်ရှုသူ :9828
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ အောက်တိုဘာ၈ ရက် (နိုင်ငံတကာ)

ဂျပန်နိုင်ငံမြို့တော် တိုကျိုအနီးတစ်ဝိုက်၌ အောက်တိုဘာ ၇ ရက်ညပိုင်းက ရက်ချက်စတာစကေး (၅.၉) အဆင့်ရှိတဲ့ အင်အားပြင်းငလျင် တစ်ခုလှုပ်ခတ်ခဲ့တဲ့အတွက် လူ ၃၂ ဦးထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ သိ၇ပါတယ်။

ဒီ အင်အားပြင်းငလျင်ဒဏ်ကို အပြင်းထန်ဆုံးခံစားခဲ့၇တဲ့  တိုကျိုမြို့ Adachi ရပ်ကွက်မှာ  ၇ထားတစ်စီး လမ်းချော်ပြီးနောက် တိုကျိုမြို့ မောင်းသူမဲ့၇ထားလမ်းလွှဲစနစ်ဖြစ်သည့်Nippori Toneri Liner အား ရက်အတော်ကြာရပ်နားထားရဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

ဏ်ရာရရှိသူ၃၂ ဦးအနက် Saitama စီရင်စုမှ၂ဦး နဲ့  Chiba စီရင်စုက  ၁ ဦးတို့ ဒဏ်ရာပြင်းထန်တယ်လို့ မီးနဲ့ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီကို ကိုးကားပြီး ဆင်ဟွာက သတင်းဖော်ပြပါတယ်။

တိုကျိုမြို့အတွက်ဆယ်စုနှစ်အတွင်း အင်အားအပြင်းအထန်ဆုံးငလျင်ဖြစ်တယ်လို့ အရှေ့ဂျပန် မီး၇ထားကုမ္ပဏီ(JR East)၏အဆိုအ၇ သိ၇ပါတယ်။

အောက်တိုဘာ ရရက်ညပိုင်းမှ အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်း ဒေသစံတော်ချိန် နာရီ အထိ ကျည်ဆံ၇ထား နှင့် ဒေသတွင်း၇ထားလိုင်း ၁၆ လိုင်း ခရီးစဉ် ပယ်ဖျက်ခြင်းသို့မဟုတ် နှောင့်နှေးခြင်းများဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၈ ရက်နံနက်အထိ ၇ထားဝန်ဆောင်တွေကို ရပ်နားထားခဲ့၇တဲ့ အတွက် ရီးသည်၃၆၈,၀၀၀ခန့် အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ သိ၇ပါတယ်။

ဒီငလျင်ဟာ ဂျပန်ငလျင်ပြင်းအားသတ်မှတ်ချက်အဆင့်၇ အနက် အဆင့် ၅ အထက်ရှိတယ်လို့ ဆိုပါတယ်။

တိုကျိုမြို့ Shinjuku ရပ်ကွက်ရှိအိမ်ခြေ၂၅၀ ခန့်ဟာလည်း လျင်ကြောင့် ခေတ္တခဏ ဓာတ်အား ပြတ်တောက်တာတွေနဲ့ ကြုံခဲ့၇ပြီးတိုကျိုမြို့လယ်မှာ ရေတွေ ပြတ်တောက်သွားမှုနဲ့ အတူရေယိုစိမ့်မှုများဖြစ်ပေါ်ခဲ့တယ်လို့ သိ၇ပါတယ်။

ငလျင်လှုပ်ကြောင့် တိုကျိုနဲ့ အနီးအနားစီရင်စု၃ ခုမှာ ဓာတ်လှေကားအတွင်း ပိတ်မိနေသူ၂၈ ဦးရှိခဲ့ပေမဲ့ ၎င်းတို့အားလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.