Preview

ဒုတိယမြောက်နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ရုရှား၏အကူအညီကိုဘင်္ဂလားဒေ့ရှ်တောင်းခံ

အောက်တိုဘာ ၁၂/ ၂၀၂၁ | ကြည့်ရှုသူ :7324
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၁၂/ ၂၀၂၁ (နိုင်ငံတကာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းဒေသတွင်နောက်ထပ် တည်ဆောက်မည့် နျူကလီးယားဓာတ်အားပေးစက်ရုအတွက် ၀န်ကြီးချုပ်ရှိတ်ဟာဆီနာသည် ရုရှားထံမှ အကူအညီကို မနေ့က ဆက်လက်တောင်းခံခဲ့သည်ဟု UNB သတင်းဌာနတွင် သတင်းဖော်ပြသည်။

ပထမဆုံး တည်ဆောက်နေသော Rooppur နျူကလီးယားဓာတ်အားပေးစက်ရုံပြီးစီးသည်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏တောင်ပိုင်းဒေသ၌ နောက်ထပ်စက်ရုံတစ်ခုတည်ဆောက်မည်ဖြစ်ကာ ၎င်းစက်ရုံအတွက် ရုရှားထံမှအဆက်မပြတ်ထောက်ခံမှုလိုအပ်သည်ဟု န်ကြီးချုပ်ရှိတ်ဟာဆီနာက ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည်  ရုရှားနိုင်ငံ Rosatom ပြည်နယ်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း၏ ညွှန်ကြားရေးမှူးချုပ် Alexey Likhachev နှင့် ဒက္ကားမြို့ရှိ ဝန်ကြီးချုပ်အိမ်တော် ဂိုနိုဘာဘန်၌ မနေ့က တွေ့ဆုံစဉ် ထိုသို့ အကူအညီ တောင်းခံခဲ့သည်ဟု သတင်းတွင်ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏  ပြန်ကြားရေး တာဝန်ခံ Ihsanul Karim က အစည်းအဝေးအပြီးတွင် သတင်းထောက်များ အားရှင်းလင်းပြောကြားရာ၌  ရုရှား Rosatom ပြည်နယ်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ လျှပ်စစ်ကဏ္ဍအား ဆက်လက်ထောက်ခံလိုကြောင်းပြောကြားခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သူနိုင်ငံ၏ ပထမဆုံးသော Rooppur ရှိ ဓာတ်အားပေးစက်ရုံကို ရုရှားနိုင်ငံ အကူအညီဖြင့် လက်ရှိတွင် တည်ဆောက်နေခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည်စက်ရုံအတွက် သင့်တော်သောလုံခြုံရေး အစီအမံများထားရှိရန် အရေးကြီးပုံကို အလေးထားပြောကြားခဲ့ပြီး နျူကလီယား ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်ပြီး သူမ၏ နိုင်ငံသားများကိုလေ့ကျင့်သင်ကြားပေးရန်လည်း ရုရှားကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့၇ှ်နိုင်ငံတွင်ပထမဆုံးသောနျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရန် အကူအညီများကို ဖြည့်ဆည်းပေးသည့်အတွက် ရုရှားနိုင်ငံကို ဘင်္ဂလာ ဝန်ကြီးချုပ်ကကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

( ဓာတ်ပုံ-ပထမဆုံးတည်ဆောက်နေသော ဘင်္ဂလားဒေ့ရှ် Rooppur နျူကလီးယား ဓာတ်အားပေးစက်ရုံကိုတွေ့၇စဉ်)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.