အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘာသာရေးပွဲကိုတိုက်ခိုက်သူ ၄၃ ဦးဖမ်ဆီးခံရ၊ ခရိုင် ၂၂ ခုတွင် လုံခြုံရေးတိုးမြင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.5k

နိရဉ္စရာ၊ အောက်တိုဘာ ၁၄ (နိုင်ငံတကာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကိုမီလာမြို့တွင် လူနည်းစု ဟိန္ဒူဘာသာဝင်များ၏ ဘာသာရေး ပွဲလန်းသဘင်နှင့် ဘုရားကျောင်းကို တိုက်ခိုက်ရာပါဝင်သူများနှင့် လှုံ့ဆော်သူ မူဆလင် ၄၃ ဦးကို ရဲက ဖမ်းဆီးလိုက်သည်ဟု  Dhaka Tribune တွင် သတင်းရေးသားသည်။

၎င်းပြင် ခရိုင် ၂၂ ခုတွင်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ကို တပ်ဖြန့်ချထားလိုက်သည်ဟု သတင်းတွင် ဖော်ပြသည်။

ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ ဟိန္ဒူလူမျိုးများ အကြီးမားပွဲလန်းသဘင် တစ်ခုဖြစ်သည့် ဒူရ်ဂါ ပူဇာ (Durga Puja)ပွဲကို ဒက္ကားမြို့တော် တောင်ပိုင်း ကိုမီလာခရိုင်မြို့တွင် ကျင်းပနေစဉ် ၎င်းပွဲတော်အား မူလဆင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

အစ္စလာမ်ဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ကုရ်အာန်ကို ညိုးနွမ်းအောင် ပွဲတော်တွင် ပြုလုပ်သည်ဟု လူမှုကွန်ယက်တွင် သတင်းပျံ့နှံ့လာပြီး အစွန်းရောက် အစ္စလာမ်ဘာသာဝင်များက ဟိန္ဒူပွဲတော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

လူမှုကွန်ယက်စာမျက်နာတွင် ပထမဆုံး သတင်းဖြန့်ဝေခဲ့သူအား ရဲက ဖမ်းဆီးလိုက်ပြီး စစ်ဆေးမေးမြန်းနေသည့်အပြင် ဗီဒီယိုကင်မရာမှ တစ်ဆင့် နောက်ကွယ်က ပါဝင်သူများကို ဖော်ထုတ်နေဟု သိရသည်။

 ယခု လက်ရှိတွင် အခြေအနေကို ထိန်းသိမ်းရန်စစ်တကောင်း၊ ကိုမီလာ၊ နာချိန်းဒိန်း စသည့် ခရိုင် ၂၂ ခုတွင် နယ်ခြားစောင့်တပ်ဖွဲ့များကို ဖြန့်ကျက် ချထားလိုက်ပြီး လိုအပ်ပါက ဒက္ကားမြို့တော်တွင် ချထားမည်ဟု သတင်းတွင် ဖော်ပြသည်။

ဆက်စပ် သတင်းများ