Preview

စင်္ကာပူနိုင်ငံသူ Noeleen Heyzer မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ခံရ

အောက်တိုဘာ ၂၆/ ၂၀၂၁ | ကြည့်ရှုသူ :4335
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၂၆/ ၂၀၂၁ 

စင်္ကာပူနိုင်ငံသူ Noeleen Heyzer ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ်အဖြစ်  ခန့်အပ်လိုက်ကြောင်းသတင်းရရှိသည်။

သူမအား ခန့်အပ်လိုက်ကြောင်းကိုကုလ အတွင်းရေးမှုးချုပ် António Guterres အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘလ ၂၅ ရက် တနင်္လာနေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

ယခင် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ်  ဆောင်ရွက်ခဲ့သည့် ဆွစ်ဇလန်နိုင်ငံသူChristine Schraner Burgener တာဝန် ကုန်ဆုံးသွားခဲ့ပြီဖြစ်သဖြင့် သူမ၏ နေရာတွင်  Noeleen Heyzer ကို အစားထိုးခန့်အပ်ခြင်းဖြစ်ကြောင်း သိ၇သည်။  

သူမသည် စင်္ကာပူတက္ကသိုလ် Lee Kuan Yew မူဝါဒရေးရာကျောင်းနှင့် စင်္ကာပူ Rajaratnam (S. Rajaratnam School of International Studies) နိုင်ငံတကာရေးရာကျောင်းများ၏အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပြီး စင်္ကာပူတက္ကသိုလ်က BA နှင့် MSc ဘွဲ့များ အပြင်  Cambridge တက္ကသိုလ် က လူမှုသိပ္ပံဆိုင်ရာ ပါ၇ဂူဘွဲ့ တွေ၇ထားသူ တဦးလည်း ဖြစ်ကြောင်းသိ၇သည်။

၎င်းပြင် သူမသည်  ၂၀၁၃ ကနေ ၂၀၁၅ အတွင်း Timor-Leste ဆိုင်ရာ ကုလသမဂ္ဂအတွငေ်းရးမှုးချုပ်ရဲ့ အထူးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သလို ၁၉၉၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ကုလသမဂ္ဂ UNIFEM အမှုဆောင်အကြီးအကဲအဖြစ်ဆောင်ရွက်ခဲ့သည်ဟု သိ၇သည်။

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.