နိရဉ္စရာ၊ နိုဝင်ဘာ ၁၆/၂၀၂၁( Htay Oung- နိုင်ငံတကာ)
နိုင်ငံတကာတွင်ချမ်းသာကြွယ်၀မှု မြင့်မားလာချိန်၌ ပိုင်ဆိုင်မှုအများဆုံး စုဆောင်းထားသည့် နိုင်ငံအဖြစ်အမေရိကန်၏ နေရာကို တရုတ်က ကျော်တက်သွားပြီဖြစ်ကြောင်းချီကာဂိုအခြေစိုက် စီမံခန့်ခွဲမှု အကြံပေးအဖွဲ့အစည်းဖြစ်သည့် McKinsey & Co ၏ယခုနောက်ဆုံး ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု RTက ယမန်နေ့ ရေးသားသည်။
တရုတ်နိုင်ငံ၏ချမ်းသာကြွယ်၀မှုသည် လွန်ခဲ့သည့်ဆယ်စုနှစ် ၂-ခုအတွင်း တဟုန်ထိုး တိုးတက် လာခဲ့ကြောင်း၊ တရုတ်၏ အသားတင်ပိုင်ဆိုင်မှုမှာ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ရ ထရီလီယံရှိရာမှ ၂၀၂၀-ခုနှစ်တွင် ၁၇ ဆအထိ မြင့်တက်ကာ၁၂၀ ထရီလီယံဖြစ်လာခဲ့သည်ဟု နိုင်ငံတကာတွင် အဖွဲ့ခွဲများစွာဖွင့်လှစ်ထားသည့် အတိုင်ပင်ခံကုမ္ပဏီက တင်ပြထားကြောင်း Bloombergက ဖော်ပြသည်။
တရုတ်သည်၎င်း၏ စီးပွားရေးတက်လှမ်းမှုကို အရှိန်မြှင့်တင်ပေးသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO သို့ ၂၀၀၀ ပြည့်နှစ်တွင် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။၂၀၂၀-ခုနှစ်အထိ ကာလအတွင်း တရုတ်၏ အသားတင်ထုတ်လုပ်မှုတန်ဖိုးမှာ ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုအားလုံး၏ သုံးပုံတစ်ပုံခန့်အထိ တိုးမြင့်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်အမေရိကန်၏ ချမ်းသာကြွယ်၀မှုမှာ နှစ်ဆတိုးလာကြောင်း တွေ့မြင်၇သည်။ ၂၀၂၀ ခုနှစ်တွင် အသားတင်ပိုင်ဆိုင်မှုပမာဏ၉၀ ထရီလီယံသာရှိသော အမေရိကန်အနေဖြင့် ကမ္ဘာ့အချမ်းသာဆုံး ၁၀ စာရင်းတွင် ထိပ်တန်းနေရာ၌တရုတ်အား လမ်းလွှဲပေးလိုက်၇ပြီဖြစ်ကြောင်း McKinsey & Co အစီရင်ခံစာ၌ ဖော်ပြသည်။
နှစ်နိုင်ငံလုံးအတွက်ကြွယ်၀ချမ်းသာမှု၏ သုံးပုံ နှစ်ပုံကျော်မှာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများတွင် စုဆောင်းငွေ၏၁၀ %အဖြစ် ပါဝင်နေပြီး မျှဝေမှုများမှာ တိုးတက်လျှက် ရှိနေဆဲဖြစ်ကြောင်း သိရှိ၇သည်။
ကမ္ဘာ့ချမ်းသာကြွယ်၀မှုမှာစုစုပေါင်းအနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် ၁၅၆ ထရီလီယံရှိခဲ့ပြီး ၂၀၂၀-ခုနှစ်တွင် ၅၁၄ထရီလီယံသို့ ရောက်ရှိလာခဲ့သည်။
ချမ်းသာကြွယ်၀မှုများ၏၆၈ %ခန့်ကို အိမ်ခြံမြေများအဖြစ် သိမ်းဆည်းထားခြင်းဖြစ်ပြီး ၄င်းကဏ္ဍ၏ လျင်မြန်စွာတိုးတက်မှုနှုန်းမှာ အလားတူကာလတွင် ကမ္ဘာ့ GDP တိုးတက်မှုနှုန်းကိုကျော်လွန် သွားခဲ့ကြောင်း မက္ကင်းဆေးက ပြောဆိုသည်။ သို့သော် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက် လာခြင်းကြောင့် ကမ္ဘာ့ချမ်းသာကြွယ်၀မှုတွင်လည်းထပ်တူ အရှိန်အဟုန်မြင့်တက်လာခြင်း ဖြစ်ကြောင်း၊အိမ်ခြံမြေဈေးနှုန်းများမြင့်တက်ခြင်းမှာ ရေရှည်တည်မြဲနိုင်ဖွယ် မရှိကြောင်း သတိပေးသည်။
မြင့်မားသောဈေးနှုန်းများကြောင့်လူအများအပြားတို့အနေဖြင့် နေထိုင်ရာအိမ်ခြံမြေများကို ဝယ်ယူရန် မတတ်နိုင်ဘဲ ရှိနေ၇ကြသည်။ထိုသို့ဖြစ်လာခြင်းမှာ ၂၀၀၈-ခုနှစ် အမေရိကန်အိမ်ရာ ကဏ္ဍဖောင်းပွမှု ပေါက်ကွဲခြင်းကြောင့် ဘဏ္ဍာရေးအကျပ်အတည်းဆိုက်ရသကဲ့သို့အလားတူ အခြေအနေဆီသို့ ဦးတည်သွားနိုင်ကြောင်း၊ ယခုတစ်ကြိမ်တွင်မူ ၎င်း၏အိမ်ခြံမြေလုပ်ငန်းရှင်များ၌အကြွေးတင်နေခြင်းကြောင့် တရုတ်နိုင်ငံကိုလည်းထိခိုက်စေနိုင်ကြောင်း McKinsey& Co ရှင်းပြထားသည်။
ပိုင်ဆိုင်မှုတန်ဖိုးများပြိုလဲခြင်းသည် ကမ္ဘာ့ချမ်းသာကြွယ်၀မှု၏ သုံးပုံတစ်ပုံအထိ ပျောက်ကွယ်ဆုံးရှုံးသွားစေနိုင်ကြောင်းနိုင်ငံတကာ စီမံခန့်ခွဲမှု အတိုင်ပင်ခံကုမ္ပဏီကြီးဖြစ်သည့် McKinsey & Co ပြောကြားသည်။
ရှီကျင့်ဖျင်လက်ထက်ပေကျင်းသည် ရန်လိုသောစီးပွားရေးမူဝါဒဖြင့် တရုတ်၏ စီးပွားရေး တိုးတက်မှုမှာ နှေးကွေးလျှက်ရှိပြီး အကျပ်အတည်းဆီသို့ဦးတည်နေကြောင်း အမေရိကန်နိုင်ငံရေးသမားတို့နှင့်မီဒီယာများက အသားပေး ဖော်ညွှန်းလိုကြသည်။
သို့သော်ပိုက်ဆံများက ကွဲပြားသော ဇာတ်လမ်းများကို ပြောပြလျှက်ရှိကြောင်း၊ ရင်းနှီးမြုပ်နှံသူများ၏ပုံအောလာသည့် ငွေတို့ကို ခြေရာခံကောက်ယူခြင်းဖြင့် အဖြစ်မှန်ကို သိမြင်နိုင်ကြောင်းဗြိတိသျှ စာရေးဆရာ၊ နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေး လေ့လာသုံးသပ်သူ တွမ်ဖေါ်ဒီက ရှု့မြင်သည်ဟု RT (4 November 2021) က ဖော်ပြခဲ့သည်။
အမေရိကန်နှင့်တရုတ်တို့အကြား ပထဝီနိုင်ငံရေး တင်းမာမှုများ၊ စစ်မက်ဖြစ်ပွားနိုင်ချေ တိုးမြင့်လာကြောင်းပြောဆိုမှုများအပါအဝင် တရုတ်၏စီးပွားရေး ဆိုးရွားလျှက်ရှိသည်ဟု မီဒီယာတို့က ခြယ်မှုန်းနေသော်ငြားလည်းယခုနှစ်၌ ဖြစ်ပျက်သမျှ အားလုံးကို ကြားရသည့်အခါ အံ့သြစရာ ဖြစ်ကောင်းဖြစ်နိုင်သည်။
.
တရုတ်သည်ကမ္ဘာပေါ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) လက်ခံရရှိရေး အမြင့်ဆုံးနိုင်ငံဖြစ်လာရန်နှစ်စဉ်ဆောင်ရွက်ခဲ့သည်။ GlobalTimes ၏အဆိုအ၇၊ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ၂-နှစ်ဆက်တိုက် စီးဝင်သည့် FDI ပမာဏသည် အနည်းဆုံး ဒေါ်လာ ၁၆၀ ဘီလီယံအထိရှိသည်။
မည်သို့ပင်ဖြစ်စေယုံကြည်ထိုက်သော ကိန်းဂဏန်း အချက်အလက်များအရ ၎င်းပမာဏမှာ ယမန်နှစ် အမေရိကန်ထက် အနည်းဆုံးဒေါ်လာဘီလီယံ ၃၀ ခန့် ပိုမိုရရှိသည်ဟု မှတ်ယူ၇ကြောင်း တွမ်ဖေါ်ဒီက ထောက်ပြထားသည်။
(( ယခင်က နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့နှင့်ဘဏ္ဍာရေးဆိုင်ရာ သုတေသနအဖွဲ့များ၏ အဆိုအ၇ ၂၀၂၈ ခုနှစ်တွင် တရုတ်သည် အမေရိကန်၏ ချမ်းသာကြွယ်၀မှုကိုကျော်တက်မည်ဖြစ်ကြောင်း ခန့်မှန်းကြပါသည်။)
၂၀၃၂-ခုနှစ်အရောက်တွင်တရုတ်သည့် ကမ္ဘာ့စီးပွားရေး၌ ပြိုင်ဘက်ကင်း ထိပ်ဆုံးနိုင်ငံဖြစ်လာဖွယ်ရှိကြောင်း တွက်ချက်ဖော်ပြခဲ့ကြသော်လည်းCovid-19 နိုင်ငံတကာကပ်ရောဂါကြောင့်၂၀၃၄-ခုနှစ်အထိ နှောင့်နှေးလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။
ယုံကြည်လေးစားလောက်သည့်နိုင်ငံတကာ စီမံခန့်ခွဲမှုအဖွဲ့ကြီးတစ်ခု၏ ယခု လက်တွေ့ကောက်ယူရရှိခဲ့သည့် အချက်အလက်များအ၇မူချမ်းသာကြွယ်၀မှုတွင် တရုတ်က အမေရိကန်ကို ကျော်တက်သွားပြီဖြစ်သည်။ ယခင် ခန့်မှန်းကြသည်ထက်ဆယ်စုနှစ် ထက်ဝက်ကျော်မျှ စောလွန်းနေပါသည်။ ။သတင်းဘာသာပြန်သူ))
(RT., 15November 2021, “China overtakes US in global wealth race” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)