Preview

ခြောက်လနီးပါးရပ်နားထားခဲ့ရသည့်ဘာဆန်ချာကျွန်းသို့ ဒုက္ခသည်များရွှေ့ပြောင်းရေးအစီအစဉ် ကြာသပတေးနေ့ ပြန်စမည်

နိုဝင်ဘာ ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :5763
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၂၃

လကြာ ခေတ္တရပ်နားထားခဲ့ရသော ဘင်္ဂလားဒေ့ရှ် ကော့ဘဇားရှိမြန်မာမူဆလင် ဒုက္ခသည် စခန်းများမှ မူဆလင်ဒုက္ခသည်များကို ဘင်္ဂလားပင်လယ်အော်ရှိ ဘာဆန်ချာကျွန်းသို့  ရွှေ့ပြောင်းရေးအစီအစဉ်ကို ကြာသပတေးနေ့၌ပြန်စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။  

မနက်ဖြန် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဒုက္ခသည် ၁၈၀၀ မှ ၂၀၀၀ အကြားကို ကော့စ်ဘဇားမြို့မှ စစ်တကောင်းမြို့သို့ ဘတ်စ်ကားများဖြင့် ပို့ဆောင်မည် ဖြစ်ပြီး စစ်တကောင်းတွင် တစ်ညအိပ်ကာ ကြာသပတေးနေ့နံနက်တွင် ဘင်္ဂလားဒေ့ရှ်ရေတပ်သင်္ဘောများဖြင့် ဘာဆန်ချာကျွန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဒုက္ခသည် ၁၈၀၀ မှ ၂၀၀၀ အကြားကို ဘာဆန်ချာကျွန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်းကို ဘင်္ဂလားဒေ့ရှ်ရေတပ်ကလည်း အတည်ပြု ပြောဆိုသည်။

ဒုက္ခသည်များကို ဘာဆန်ချာကျွန်းသို့ ပို့ဆောင်မှုကို ယခုနှစ် ဧပြီ ၂၁ နေ့တွင် နောက်ဆုံးပို့ဆောင်ခဲ့ပြီးနောက် ယခုလ နိုဝင်ဘာတွင် ပြန်စတင်ခြင်း ဖြစ်သည်။

၂၀၂၀ဒီဇင်ဘာရက်မှ၂၀၂၁ခုနှစ်ဧပြီ၂၁ရက်နေ့ထိမူဆလင်ဒုက္ခသည်၁၈၀၀၀ကိုဘာဆန်ချာကျွန်းကိုရွှေ့ပြောင်းခဲ့သည်ဟုသိ၇သည်။

ဘင်္ဂလားဒေ့ရှ်အစိုး၇အနေဖြင့်နောက်သုံးလေးလအတွင်းကော့စ်ဘဇားဒုက္ခသည်စခန်းမှဒုက္ခသည်၈၀၀၀၀ခန့်ကိုရွှေ့ပြောင်းနေရာချထာရန်စီစဉ်ထားသည်ဟုသတင်းတွင်ဖော်ပြထားသည်။

Rohingyarelocation to Bhashan Char resumes Thursday/ Dhaka Tribune)

#ဒုက္ခသည်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.