နိရဉ္စရာ၊ နိုဝင်ဘာ၂၄(Htay Oung/နိုင်ငံတကာ)
ဥရောပအနေဖြင့်ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တင်းကျပ်စွာ ချုပ်ကိုင်ထားဆဲဖြစ်သော်လည်း လက်ရှိ ကပ်ရောဂါ ဖြစ်ပွားမှုလမ်းကြောင်းအတိုင်းဆက်လက်တည်ရှိနေပါက ယခုဆောင်းရာသီကာလ အတွင်းတိုက်ကြီးတစ်ခုလုံးတွင် နောက်ထပ် သေဆုံးသူ ၇ သိန်း ထပ်မံရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ကအင်္ဂါနေ့တွင် သတိပေးလိုက်သည်ဟု AFP က ယနေ့ ရေးသားသည်။
လာမည့်လများအတွင်း လူပေါင်း ၇-သိန်းခန့် ထပ်မံသေဆုံးနိုင်ကြောင်း WHO ၏ ပြောဆိုချက်မှာ ဥရောပတစ်လွှားတွင်ရောဂါဖြစ်ပွားမှုများ တိုးမြင့်လာသဖြင့် ရောဂါတားဆီးကာကွယ်ရေးအတွက် တင်းကျပ်သော ကန့်သတ်ချက်များကိုပြန်လည်ပြဌာန်းရန် နိုင်ငံအချို့အား စေ့ဆော်ပေးလျှက် ရှိနေသည်။
ယခုအချိန်မှစတင်၍ ၂၀၂၂-ခုနှစ် မတ်လ-၁ ရက်နေ့ အကြား ဥရောပ ၅၃ နိုင်ငံအနက် ၄၉ နိုင်ငံရှိ အထူးကြပ်မတ်ကုသဆောင်များ(ICUs) တွင်မြင့်မား သို့မဟုတ် အလွန်အမင်း ဖိစီးသည့် အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု WHOက မျှော်လင့်သည်။
လောလောဆယ်ဥရောပတွင် လူ၁ ဒဿမ၅ သန်း သေဆုံးပြီးဖြစ်သောဥရောပ၌ နောက်နှစ်နွေဦးရာသီ အရောက်တွင် သေဆုံးမှု ပေါင်း ၂ ဒဿမ ၂ သန်းကျော်အထိ တိုးမြင့်လာဖွယ်ရှိကြောင်း၊ Covid-19ရောဂါသည် ဥရောပနှင့် ဗဟိုအာရှဒေသတွင် သေဆုံကြ၇ခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်နေကြောင်း WHO ကျန်းမာရေး တိုင်းတာမှုနှင့်အကဲဖြတ်မှုဆိုင်ရာ အင်စတီကျုဒ်မှ ကိန်းဂဏန်းများကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့သည်။
ဥရောပ၌ကပ်ရောဂါကျရောက်မှု မြင့်တက်လာ၇ခြင်းမှာ ဖြစ်ပွားမှု အလွန်လျှင်မြန်သည့် ဒဲလ်တာဗီဇပြောင်းမျိုးကွဲကူးစက်ခြင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှု လစ်ဟာခြင်းနှင့် Mask မျက်နှာဖုံးဝတ်ဆင်ခြင်း/လူချင်းနီးကပ်မှု ကန့်သတ်ခြင်းကဲ့သို့ ကာကွယ်တားဆီးရေးအစီအမံများအား ဖြေလျှော့ပေးခြင်းတို့ပေါင်းစပ်ပါဝင်၍ ဖြစ်ကြောင်း WHO ကရှင်းပြထားသည်။
ကိုဗစ်နှင့်ဆက်နွှယ်သော သေဆုံးမှုသည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် တစ်နေ့လျှင် ၄,၂၀၀ နီးပါးအထိ တိုးမြင့်လာခဲ့ပြီးလွန်ခဲ့သည့် စက်တင်ဘာလကုန်၌ တစ်ရက်တာအတွင်း သေဆုံးသူ ၂,၁၀၀ ၏ ၂-ဆ ဖြစ်လာခဲ့သည်။
ကူးစက်ရောဂါကိုကာကွယ်ဆေးဖြင့်ဟန့်တားမှု ကျဆင်းခြင်းနှင့် အပြင်းစား ရောဂါဖြစ်ပွားမှု တိုးမြင့်လာသည့်အထောက်အထားများမှာ များပြားလာနေကြောင်း၊
ဥရောပနှင့်ဗဟိုအာရှဒေသတစ်ခွင်၌ Covid-19ရောဂါဖြစ်ပွားမှုအခြေအနေမှာ အလွန်ဆိုးရွားလျှက်ရှိရာ လာမည့် ဆောင်းရာသီတွင် စိန်ခေါ်မှုများနှင့်ရင်ဆိုင်၇လိမ့်မည်ဖြစ်ကြောင်း WHO ၏ဥရောပဒေသဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့်ကာကွယ်ဆေး ထိုးနှံမှုတွင် Mask မျက်နှာဖုံးဝတ်ဆင်ခြင်း၊ လူချင်းနီးကပ်မှု ကန့်သတ်ခြင်း၊ လက်ဆေးခြင်းတို့ပါဝင်သော " Vaccine_plus"“ ကာကွယ်ဆေးနှင့်အပေါင်း“ နည်းလမ်းဖြင့် ချဉ်းကပ်ရန်WHO ကတောင်းဆိုထားသည်။
မကြာသေးမီကပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအ၇ Mask မျက်နှာဖုံးအသုံးပြုခြင်းများသည် Covid ဖြစ်ပွားမှုကို ၅၃ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်းတွေ့ရှိ၇ပြီး “ကမ္ဘာ့တစ်ဝှန်းလုံးမျက်နှာဖုံးဝတ်ဆင်ခြင်း လွှမ်းခြုံမှု ၉၅ ရာခိုင်နှုန်း အောင်မြင်ပါက မတ်လ ၁ ရက်အရောက်တွင်သေဆုံးသူ ၁၆၀,၀၀၀ကျော်ကို ကာကွယ်ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း WHO ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်ဆို၏။
(AFP.,23 November 2021,” WHO fears 700,000 more Covid deathsin Europe” ကို#HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)