နိရဉ္စရာ၊ နိုဝင်ဘာ၂၄(နိုင်ငံတကာ)
ဘူဂေးရီးယားနိုင်ငံအနောက်ဘက်ရှိအဝေးပြေးလမ်းမပေါ်တွင် (နိုဝင်ဘာ၂၃ ရက်) အင်္ဂါနေ့ကမိုးမလင်းမီနာရီပိုင်း အလိုတွင် ဘတ်စ်ကားတစ်စင်းမီးလောင်မှုကြောင့် ကလေး ၁၂ ဦးအပါအဝင်လူ ၄၅ ဦးသေဆုံးသွားခဲ့သည်ဟု နိုင်ငံတကာသတင်းများ၌ သတင်းဖော်ပြသည်။
၎င်းဘတ်စ်ကားသည် မြောက်မက်ဆီဒိုးနီးယားခရီးသွားအများစု တင်ဆောင်လာစဉ် မြို့တော် ဆိုဖီယာမှ ကီလိုမီတာ ၄၀ အကွာ အဝေးပြေးလမ်းမပေါ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လမ်းဘေး အကာအရံ နေရာများကိုဝင်တိုက်မိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဘူလ်ဂေးရီးယားပြည်ထဲရေးဝန်ကြီးဌာနက လူ ၄၅ ဦး သေဆုံးခဲ့ပြီး ယင်းသည် ဘော်လ်ကန်နိုင်ငံ၏ သမိုင်းတွင် အသေအပျောက်အများဆုံး ဘတ်စ်ကား မတော်တဆမှု ဖြစ်ကြောင်း ပြောကြားသည်။
ယာယီပြည်ထဲရေးဝန်ကြီးBoyko Rashkov က ရုပ်အလောင်းများကို ကားအတွင်းတွင်အစုလိုက်အပြုံလိုက် ပြာများအဖြစ်ထိ လောင်ကျွမ်းသွားသည် ဟု ပြောကြားခဲ့သည်။
လတ်တလောတွင် မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကိုမသိရှိ၇သေးဟု ဖော်ပြသည်။
သေဆုံးသူ ကလေး ၁၂ ဦးမှာ ၁၈ နှစ်အောက်ဖြစ်ကြပြီး ကားပေါ်တွင် လူပေါင်း၅၂ ဦးလိုက်ပါလာခဲ့ပြီး ထိုအထဲမှ ၄၅ ဦး သေဆုံးခဲ့သည်။
လူခုနှစ်ဦးကိုကယ်တင်နိုင်ခဲ့ပြီး ထိုအထဲတွင်အသက် ၁၆ အရွယ် မိန်းခလေးတစ်ဦး ပါဝင်သည်ဟု ဆိုသည်။
( Atleast 45 dead, including children, after bus catches fire in Bulgaria)