Preview

ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသူတစ်ဦးအားအတင်းဓမ္မပြုကျင့်မှုဖြင့် မဒရာဆာကျောင်းဆရာတစ်ဦး ထောင်တစ်သက်ပြစ်ဒဏ်ချမှတ်ခံရ

ဒီဇင်ဘာ ၀၁/ ၂၀၂၁ | ကြည့်ရှုသူ :2116
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ဒီဇင်ဘာ/၂၀၂၁(နိုင်ငံတကာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှစ်တန်းကျောင်းသူတစ်ဦးအား အတင်းဓမ္မပြုကျင့်မှုကြောင့်မဒရာဆာ ဘာသာရေးစာသင်ကျောင်းဆရာတစ်ဦးကို ထောင်တစ်သက်ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု Dhaka Tribune တွင်သတင်းရေးသားဖော်ပြသည်။ 

၎င်းဖြစ်ရပ်သည်လွန်ခဲ့သည့်၂နှစ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံဘာဂုနခရိုင်၊ဘာဂုနမြို့နယ်တွင်ဖြစ်ပွားခဲ့သည်။

ခရိုင်အမျိုးသမီးနှင့်ကလေးသူငယ်ဖိနှိပ်မှုတားဆီးကာကွယ်ရေးခုံရုံးတရားသူကြီးဟာဖဇူရ်ရာဟာမန်( Hafizur Rahman)ကအင်္ဂါနေ့တွင်၎င်းအမိန့်ကိုချမှတ်ခဲ့သည်ဟုသတင်းတွင်ဖော်ပြသည်။

ဘာဂုနမြို့နယ်ဖူဂျာဟူရီတိုက်နယ်မှအသက်၃၀နှစ်အရွယ်ပြစ်မှုကျူးလွန်သူမဒရာဆာ ကျောင်းဆရာ ဆိုင်ဖုလ်အစ္စလာမ်ကိုဒဏ်ငွေလည်း တာကာ ၂၀၀၀၀ လည်းရိုက်ခဲ့သည်။

တခြားတရားခံနှစ်ဦးဖြစ်သည့်Khalilနှင့်Rashida Baig တို့ကိုတရားရုံးကတရားသေလွှတ်ပေးခဲ့ခြင်းဖြစ်ပြီး၎င်းတို့ပါဝင်ပတ်သက်မှုကိုမတွေ့ရှိ၇ဟုဆိုသည်။

ဘာဂုနမြို့နယ်  Keorabunia တိုက်နယ်ရှိDakhilမဒရာဆာဘာသာရေးကျောင်းတွင်သူမသည် ကျောင်းတက်နေစဉ်၎င်းဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု  တရားစွဲရှေ့နေMahbubul Bari Aslam က၎င်းအမှုကိုကိုးကားပြီးပြောကြားသည်။

၂၀၁၉ခုနှစ်ဇန်နဝါရီလ၂၀ရက်နေ့ကပြစ်မှုကျူးလွန်သူ ကျောင်းဆရာဆိုင်ဖုလ်အစ္စလာမ်သည်၎င်းကျောင်းသူအားလမ်းညွှန်စာအုပ်ပေးမည်ဟုဆိုကာမဒရာဆာကျောင်း၏အခန်းလွတ်တစ်ခုသို့ခေါ်ယူကာအဓမ္မပြုကျင့်ခဲ့သည်ဟုဆိုသည်။

မိန်းခလေးမှာအခင်းဖြစ်ရာကနေထွက်ပြေးသွားပြီးနောက်အပြင်းဖျားခဲ့သည်ဟုဆိုသည်။

၎င်းနောက်ကျောင်းဆရာအပါအဝင်လူသုံးဦးအားမိန်းခလေး၏ ဖခင်ဖြစ်သူကရဲစခန်းတွင်တိုင်ကြားအမှုဖွင့် ခဲ့သည်။၎င်းနောက် ဘင်္ဂလားဒေ့ရှ် အထူးမှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့ ( RAB) ကကျောင်းဆရာအပါအဝင်လူသုံးဦးအားဖမ်းဆီးခဲ့သည်။

Barguna madrasa teacher gets life sentence for raping student

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.