နိရဉ္စရာ၊ ဒီဇင်ဘာ ၁/၂၀၂၁(နိုင်ငံတကာ)
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဒက်ထရိုက်မြို့ငယ်အနီး အထက်တန်းကျောင်း တစ်ခုတွင် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုအတွင်း ကျောင်းသား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
သေနတ်ပစ်ခတ်မှုသည် ဒက်ထရိုက်မြို့ မြောက်ဘက် ၅၀ ကီလိုမီတာအကွာရှိ အောက်စ်ဖို့ဒ်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား ဖော်ပြ ထားသည်။
သေဆုံးသွားသူအထက်တန်းကျောင်းသားသုံးဦးမှာ အသက်၁၆နှစ်အရွယ်ယောကျာ်းလေးတစ်ဦး၊၁၇နှစ်အရွယ်မိန်းကလေးတစ်ဦးနှင့်၁၄နှစ်အရွယ်မိန်းကလေးတို့ဖြစ်ကြောင်းလက်အောက်ခံရဲအရာရှိMichael McCabe ကအခင်းဖြစ်ပွားရာနေရာတွင်သတင်းထောက်များအားပြောကြားခဲ့သည်။
“အရာအားလုံးဟာငါးမိနစ်ပဲကြာပါတယ်” ဟု ဖြစ်ပွားချိန်နှင့် ပတ်သက်ပြီး၎င်းက ပြောဆိုသည်။
မီချီဂန်အထက်တန်းကျောင်းတွင်ဆီမီးမောင်းပြန်ရိုင်ဖယ်သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အသက်၁၅နှစ်အရွယ်ယောကျာ်းလေးတစ်ဦးကိုအမြန်ဖမ်းဆီး၇မိခဲ့ကြောင်း၊ သံသယရှိသူမှာ ကျောင်းမှဒုတိယနှစ်ကျောင်းသားဖြစ်ပြီးတစ်ယောက်တည်းကျူးလွန်သည်ဟုယူဆ၇ကြောင်၊ သေနတ်ဖြင့် အချက် ၁၅မှ၂၀ထိပစ်ခတ်ခဲ့ကြောင်း၊ ၎င်းပြစ်မှုကျူလွန်သူသည် သေနတ်ကိုင် ထားသော်လည်း ဖမ်းဆီးချိန် ခုခံမှုမရှိဘဲဖမ်းဆီးနိုင်ခဲ့ကြောင်းရဲတာဝန်ရှိသူများက ပြောကြားခဲ့သည်။
လက်ရှိတွင် ယင်းအမှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်နေသည်။
ပြစ်မှုကျူးလွန်သူဟု သံသယရှိသည့် လူငယ်လေးသည် ၎င်းတစ်ဦးတည်း ပြစ်မှုကျူးလွန်ခြင်း ဖြစ်သည်ဟု ယူဆ၇ပြီး ပြစ်မှုကျူးလွန်သည့် အကြောင်းအရင်းကို လတ်တလော ရှင်းလင်းစွာ မသိ၇သေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ဒဏ်ရာ၇သူ ၈ ဦးတွင် ဆရာ ၁ ဦး ပါဝင်ကြောင်း၊ ဒဏ်ရာ၇သူ ၂ ဦးသည် ခွဲစိတ်ကုသမှုခံယူနေပြီး ကျန် ၆ ဦးမှာ အခြေအနေတည်ငြိမ်ကြောင်း ဆိုသည်။
ယခုဖြစ်ပွားသည့် သေနတ်ပစ်ခတ်မှုသည် ၂၀၂၁ ခုနှစ် အမေရိကန်၌ ဖြစ်ပွားသည့် အဆိုးဝါးဆုံး စာသင်ကျောင်းဝင်းအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ကြောင်း အမေရိကန် သေနတ်ထိန်းချုပ်ရေး ထောက်ခံမှုအဖွဲ့ “Everytown for Gun Safety”က ပြောကြားသည်။
ယင်းအဖွဲ့၏စာရင်းများအ၇ ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ ဒေသအသီးသီးတွင် ကျောင်းဝင်းအတွင်း သေနတ်ပစ်ခတ်မှု ၁၄၀ နီးပါးဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ရေးသားထားသည်။
(Three students shot dead, eightpeople wounded at Michigan high school; suspect arrested/ Reuters)