လူဦးရေနှစ်သိန်းကျော်သာရှိသည့် ဘာဘေဒိုးစ် (Barbados)နိုင်ငံ ကမ္ဘာ၏သမ္မတနိုင်ငံသစ်ဖြစ်လာ


နိရဉ္စရာ၊ ဒီဇင်ဘာ ၁/ ၂၀၂၁ (နိုင်ငံတကာ)

အတ္တလန္တိတ်သမုဒ္ဒရာ အနောက်ပိုင်းတွင် တည်ရှိသည့် ဘာဘေဒိုးစ် (Barbados) သည် ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ်ကို ၎င်း၏နိုင်ငံတော် အကြီးအကဲအဖြစ်မှ တရားဝင် ဖယ်ရှားခဲ့ပြီး ကမ္ဘာ့အသစ်ဆုံးသမ္မတနိုင်ငံ ဖြစ်လာခဲ့သည်။

မြို့တော် ဘရစ်ချ်တောင်းတွင် နိုဝင်ဘာ ၃၀ ရက်နေ့က ေ့ချင်းညချင်း ပြုလုပ်ကျင်းပခဲ့သည်အခမ်းအနားတွင် ဒိန်းဆန်ဒြာမေဆန်(Dame Sandra Mason သည် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

နိုင်ငံ၏ ၅၅ နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် တိုက်ဆိုင်သော အဆိုပါပွဲကို ဝေလမင်းသား ချားလ်နှင့် ဘာဘာလူမျိုး အဆိုတော် ရီဟားနားတို့ တက်ရောက်ခဲ့သည်။

မင်းသား ချားလ် သည် ကာရေဘီယံကျွန်းတွင် ကျွန်ပြုခြင်းခံရသည့် "ထိတ်လန့်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်မှု" ကို မိန့်ခွန်းတစ်ခုတွင် အသိအမှတ်ပြု ထည့်သွင်း ပြောကြားခဲ့သည်။

နှစ်ပေါင်း ၂၀၀ ကျော် အတ္တလန္တိတ် ကျွန်ကုန်သွယ်မှုအတွက် အချက်အချာဖြစ်ခဲ့သည့် ဘာဘေးဒိုးစ်အတွက် ဗြိတိန်၏ သြဇာလွှမ်းမိုးမှုကို အဆုံးသတ်ခဲ့သည့် အတွက် ခေတ်သစ် ဖြစ်ကြောင်း ဖော်ပြသည်။

ဘာဘေးဒိုးစ်နိုင်ငံသည် အတ္တလန္တိတ်သမုဒ္ဒရာ အနောက်ပိုင်းရှိ အင်တီလီးစ်  (Lesser Antilles) ကျွန်းစုထဲမှ ကျွန်းနိုင်ငံ တစ်ခုဖြစ်သည်။ အလျား ၃၄ ကီလိုမီတာနှင့် အကျယ် ၂၃ ကီလိုမီတာမျှသာရှိပြီး ၄၃၁စတုရန်း ကီလိုမီတာ မျှသာရှိသော နိုင်ငံငယ်လေးတစ်ခုဖြစ်သည်။ ဝင်းဒ်ဝါ့ဒ်ကျွန်းနှင့်  နှင့် ကရစ်ဘီယံပင်လယ် တို့မှ အရှေ့ဘက် ကီလိုမီတာ ၁၀၀ မျှသာဝေးကွာသည်။ စိန့်ဗင်းဆင့်နှင့် ဂရင်နားဒင်းစ် ကျွန်းနိုင်ငံမှ အရှေ့ဘက် ၁၆၈ ကီလိုမီတာ အကွာ၊ ထရီနီဒက်နှင့် တိုဘာဂို  ကျွန်းနိုင်ငံမှ အရှေ့မြောက်ဘက် ကီလိုမီတာ ၄၀၀ အကွာ တွင် တည်ရှိသည်။ အတ္တလန္တိတ်သမုဒ္ဒရာ ဟာရီကိန်း မုန်တိုင်းဧရိယာမှ ကင်းလွတ်သော နယ်မြေဖြစ်သည်။ အစောပိုင်းတွင် ပေါ်တူဂီကိုလိုနီ  နယ်အတွင်း ကျရောက်ခဲ့ဖူးပြီး ၁၆၂၅တွင် အင်္ဂလန်ဘုရင်၏ လက်အောက်သို့ ကျရောက်ခဲ့သည်။ နောက်ပိုင်းတွင် ဗြိတိသျှ အင်ပါယာတွင်း ကျရောက်ခဲ့သည်။ ၂၀၁၉ စာရင်းအရ လူဦးရေ စုစုပေါင်း ၂၈၇, ခန့်ရှိသည်။ လူဦးရေ ၈၀,၀၀၀ ခန့်မှာ မြို့တော် ဘရစ်ချ်တောင်း တွင် နေထိုင်ကြသည်။  ၁၉၆၆တွင် ဘာဘေးဒိုးစ်နိုင်ငံသည် လုံးဝ လွတ်လပ်သော တိုင်းပြည်ဖြစ်လာခဲ့ပြီး ဓနသဟာယ  ဝင်နိုင်ငံလည်း ဖြစ်လာသည်။ တိုင်းပြည်၏ အကြီးအကဲအဖြစ် အင်္ဂလန်ဘုရင်မ ဒုတိယမြောက် အယ်လီဇဘက်  ကို ထားရှိသည်။ ဘာဘေးဒိုးစ်နိုင်ငံသည် ကရစ်ဘီယံ ဒေသအတွင်း ခရီးသွားလုပ်ငန်းအဖွံ့ဖြိုးဆုံးတိုင်းပြည်ဖြစ်ပြီး ဒေသတွင်း လူသားဖွံ့ဖြိုးမှု အညွှန်းကိန်း  (Human Development Index|HDI) လည်း ၀.၇၈၈ ဖြင့် အမြင့်ဆုံး ဖြစ်သည်။ (  ဝီကီပီးဒီးယား)

တိုင်းပြည်၏ အကြီးအကဲ အဖြစ် အင်္ဂလန်ဘုရင်မ ဒုတိယမြောက် အယ်လီဇဘက်ကို နိုင်ငံ၏ အကြီးအကဲ ဦးသျှောင်အဖြစ်က ပယ်ဖျက်ပြီးနောက် လွတ်လပ်သော သမ္မတ နိုင်ငံသစ်ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘာဘေးဒိုးစ် နိုင်ငံ(Barbados) ပထမဆုံး သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဆန်ဒြာမေဆန်(Sandra Mason) ထံ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင်ကို နိုဝင်ဘာ ၃၀ ရက်တွင် ပေးပို့ခဲ့ကြောင်း  ဆင်ဟွာ သတင်းအရ သိရသည်။

အဆိုပါသဝဏ်လွှာထဲတွင် ရှီက ဘာဘေးဒိုးစ် နိုင်ငံ၏ ပထမဆုံးသမ္မတအဖြစ် မေဆန် ရွေးချယ်တင်မြှောက်ခြင်းခံရအပေါ် ၎င်းအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ထည့်သွင်း ဖော်ပြထားသည်။

 

Share: