နိရဉ္စရာ၊ ဒီဇင်ဘာ ၅ ( HtayOung/နိုင်ငံတကာ)
အင်ဒိုနီးရှားနိုင်ငံအရှေ့ဂျာဗားပြည်နယ်ရှိ စီမာရူမီးတောင်သည် စနေနေ့က ပေါက်ကွဲခဲ့ပြီး မီးခိုးနှင့် ပြာပူမှုန့်များမှုတ်ထုတ်လျှက်ရှိခြင်းကြောင့် အဆိုပါဧရိယာအတွင်းနေ လူထောင်ပေါင်းများစွာတို့ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့၇ကြောင်း အာဏာပိုင်များက ပြောကြားသည်ဟု CNN က ယနေ့ ရေးသားသည်။
မီးတောင်ပေါက်ကွဲမှုကြောင့်အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျေးရွာများတွင် ပြာမှုန့်များဖုံးလွှမ်းကာ ပြာနှင့် အပျက်အစီးများ လွင့်စင်နေသည့် တိမ်တိုက်ကြီးအားမှ တွေ့မြင်ကြသူရများမှာကြောက်လန့်တကြား ထွက်ပြေးခဲ့ကြကြောင်း တာဝန်ရှိသူများထံမှ သိရှိ၇သည်။
မီးတောင်ပေါက်ကွဲပြီးနောက်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့၇သည့် မိသားစုများမှာ အနည်းဆုံး ၃၀၀ ခန့် ရှိမည်ဖြစ်ပြီးပြာပူမှုန့်များကြောင့် အပူလောင်ခံရသူ အများစုတွင် ကူရာကိုဘိုကန်ကျေးရွာနေ တစ်ဦးမှာသေဆုံးသွားခဲ့ကြောင်း၊ ရွှံ့နွံဖုံးလွှမ်း၍ သစ်ပင်များ ပြိုလဲကာ လမ်းများ ပိတ်ဆို့လျှက်ရှိကြောင့်အာဏာပိုင်များအနေဖြင့် အခြားကျေးရွာများသို့ သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း မီးတောင်ပေါက်ကွဲမှုဖြစ်ပွားသည့်နယ်မြေနှင့် အနီးဆုံးဖြစ်သော လူမာဂျန်ခရိုင် လက်ထောက်အုပ်ချုပ်ရေး_အကြီးအကဲက စနေနေ့နံနက်စောစောပိုင်းတွင်ပြုလုပ် သည့် မီဒီယာတွေ့ ဆုံပွဲ၌ ရှင်းပြသည်။
အင်ဒိုနီးရှားတပ်မတော်ထံမှလူအင်အားအကူအညီနှင့် ပစ္စည်းကိရိယာများကို တောင်းခံထားပြီး မီးတောင်ပေါက်ကွဲမှုကြောင့်ခရိုင်ခွဲနှစ်ခုတွင် ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်း အရှေ့ဂျာဗားပြည်နယ် အမျိုးသားသဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ (BNPB) အကြီးအကဲများတို့ကဆက်လက်ပြောဆိုသည်။
ဒေသစံတော်ချိန်ညနေ ၃ နာရီခန့်တွင် စီမာရူထံမှ မီးတောင်ပြာမှုန့်များနှင့် ဆာလဖာနံ့များ ထွက်ပေါ်လာသည်ကိုစတင်တွေ့ရှိခဲ့ကြောင်း၊ အရှေ့ဂျာဗား ကျေးရွာဖြစ်သော ပရိုနိုဂျီဝိုခရိုင်ရှိ စာပီတာရမ်ကျေးရွာပေါ်သို့မီးတောင် ပြာပူတိမ်တိုက်များ ကျဆင်းလျှက်ရှိကြောင်း စီမာရူမီးတောင်လေ့လာရေးဋ္ဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှားအစိုး၇_အရေးပေါ်_တုံ့ပြန်ရေး_အဖွဲ့များက မျှဝေသည့်ဗီဒီယိုများတွင် ကြီးမားထူထဲသော ပြာမှုန်တိမ်တိုက်ကြီးနှင့် ဝေးရာသို့ ထွက်ပြေးနေကြသည့်ဒေသခံများအား တွေ့မြင်ကြ၇သည်။
ဒေသခံတို့မျှဝေသည့် အခြားဗီဒီယိုဖိုင်များတွင်မူ အခင်းဖြစ်ပွားရာအနီး ဒေသခံဗလီတစ်ခု၌ စုဝေးနေကြသူများနှင့်ပတ်ပတ်လည် လမ်းများပေါ်တွင် ပြာမှုန့်နှင့် မီးခိုးငွေ့များ လွှမ်းခြုံလျှက်ရှိကြောင်းပါရှိနေသည်။
သဘာ၀ဘေးသင့်ခံဒေသရှိ ကျေးလက်ကျန်းမာရေးဌာနများ သို့မဟုတ် ဆေးရုံများအနေဖြင့် ဒုက္ခသည်တို့ကို လောလောဆယ်နေရာချပေးနိုင်လိမ့်မည်ဟု အမျိုးသား သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီက ယုံကြည်လျှက်ရှိသည်။အဆိုပါဒေသ၌ ဒုက္ခသည်စခန်းများကို ထူထောင်ကာ အိုးအိမ်ရွှေ့ပြောင်း နေထိုင်ရသူများ အတွက်စားနပ်ရိက္ခာ၊ Mask မျက်နှာဖုံးများ၊စောင်များနှင့် အမိုးအကာများကို ထောက်ပံ့ပေးနိုင်ရန် ပြင်ဆင်လျက်ရှိသည်။
အင်ဒိုနီးရှား၏ဝေဟင်အား ထိန်းချုပ်လျှက်ရှိသည့် AirNav ကမူ မီးတောင်ပေါက်ကွဲမှုမှာ လေကြောင်းပျံ သန်းမှုအပေါ် ထင်ရှားသိသာသည့်သက်ရောက်မှု မဖြစ်ပေါ်စေကြောင်း သတင်းထုတ်ပြန်သည်။
အင်ဒိုနီးရှားသည်မီးတောင်စက်ကွင်းဒေသအဖြစ် လူသိများသည့် ကမ္ဘာ့တိုက်ကြီး ၂-ခု၏ ကျောက်လွှာထုကြီးများအကြားတွင်တည်ရှိနေပြီး ပစိဖိတ်သမုဒ္ဒရာချိုင့်ဝှမ်းတစ်ဝှိုက်တွင် တက်တိုးနစ်ကျောက်လွှာနှင့်မီးတောင်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေသည်။
ဂျာဗားကျွန်းတွင်အမြင့်ဆုံးဖြစ်သော စီမာရူသည် အင်ဒိုနီးရှား၏ အသက်ဝင်နေဆဲ မီးတောင်ပေါင်း ၁၃၀ နီးပါးတွင်ပါဝင်သည်။
ပြာမှုန့်များဖုံးလွှမ်းနေသောကျေးရွာများကို စွန့်ပစ်ကာ လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရသည့် အင်ဒိုနီးရှားအာဏာပိုင်တို့၏ယခုသတိပေးချက်သည် ၂၀၂၀-ခုနှစ် ဒီဇင်ဘာလတွင် စီမာရူမီးတောင်၏ ယခင်ပေါက်ကွဲမှု နောက်ပိုင်းဒုတိယအမြင့်ဆုံးအဆင့်တွင် ဆက်လက်တည်ရှိနေကြောင်း Channel News Asia ၏ ယနေ့သတင်းတစ်ပုဒ်တွင်ဖတ်ရှု့၇သည်။
(CNN., 05 Decemer 2021,” Thousands flee as Indonesia's MountSemeru volcano erupts” By Masrur Jamaluddin and Radina Gigova ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)