နိရဉ္စရာ၊ ဒီဇင်ဘာ ၆/၂၀၂၁(HtayOung- နိုင်ငံတကာ)
မြန်မာနိုင်ငံနှင့်ထိစပ်လျှက်ရှိသော အိန္ဒိယအရှေ့မြောက်ပိုင်း၌ လုံခြုံရေး စစ်ဆင်ရေးတစ်ခုအတွင်း ရွာသားတစ်ဒါဇင်ကျော်တို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းကြောင့် ဒေသခံများနှင့် တရားဥပဒေ စိုးမိုးရေးအရာရှိများအကြားရုန်းရင်းဆန်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု RT က ယမန်နေ့ ရေးသားသည်။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များသည်၄င်းနိုင်ငံအရှေ့မြောက်ပိုင်း နာဂနယ်မြေ မွန်ခရိုင်တွင် သောင်းကျန်းသူဆန့်ကျင်ရေး စီးနင်းမှုများပြုလုပ်ခဲ့ရာ၌အရပ်သားများအား လက်နက်ကိုင် ပြည်သူ့စစ်များအဖြစ် မှားယွင်းပစ်ခတ်ခဲ့ပြီးနောက် အဆိုပါ နယ်မြေအတွင်း၌တင်းမာမှုများ မြင့်တက်လာခဲ့သည်။
စနေနေ့နှောင်းပိုင်းတွင်ပြုလုပ်ခဲ့သည့် ၄င်းစစ်ဆင်ရေးမှာ ယုံကြည်စိတ်ချရသော ထောက်လှမ်းရေး သတင်းများအပေါ် အခြေခံ၍လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယတပ်မတော်က ပြောကြားခဲ့သည်။ နာဂဒေသမှ တီရူနယ်မြေခွဲထွက်ရေးအမျိုးသားဆိုရှယ်လစ်ကောင်စီမှ အဖွဲ့ဝင်များ၏ လှုပ်ရှားမှုများနှင့် ပတ်သက်သည့် သတင်းများအရဖြစ်သော်လည်း အရပ်သားများအား သယ်ဆောင်လာသည့်ပစ်ကပ်ထရပ်ကားကို သောင်းကျန်းသူများအဖြစ် လွဲမှားပြီး ပစ်ခတ်မိခဲ့ခြင်းဖြစ်သည်။
ကံမကောင်းအကြောင်းမလှစွာဖြင့် အသက်ဆုံးရှုံးခဲ့ရသည့် အကြောင်းရင်းကို အမြင့်ဆုံးအဆင့်ဖြင့် စုံစမ်းစစ်ဆေးလျှက်ရှိပြီးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယတပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သည့်စနေနေ့ညပိုင်း ခြုံခိုတိုက်ခိုက်ရေးပုံစံ စစ်ဆင်ရာ၌ အရပ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ၄င်းတို့အားလုံးမှာ နေရပ်ကျေးရွာသို့ ပြန်သွားကြသူ ကျောက်မီးသွေးတွင်းလုပ်သားများသာဖြစ်ကြောင်းဒေသခံမီဒီယာက ဖော်ပြသည်။ နောက်ပိုင်းတွင် သေဆုံးသူအရေအတွက်ကို ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အခြားနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရှိ၇သည်။
အဆိုပါအဖြစ်အပျက်ကို ဒေသခံများ သိရှိလာသောအခါ ဒေါသထွက်နေသော အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခဲ့ခြင်းအတွက် ဆူပူသူလူအုပ်ကြီးကလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝိုင်းပတ်ကာ အပြစ်တင် ရှုတ်ချကြသည်။ ထိုမှ ထိန်းမနို်င်သိမ်းမရ ဖြစ်လာခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ တပ်ဖွဲ့ဝင်များက လူစုလူဝေးအားပစ်ခတ်၍ အမြန် ရုန်းထွက်ခဲ့၇သည်။
စစ်သားများ၏“မိမိကိုယ်ကို ခုခံကာကွယ်”ရန် လုပ်ဆောင်မှုကြောင့်အနည်းဆုံး ဆန္ဒပြသူ ၇-ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အခင်းဖြစ်ပွားရာတွင်အမှုထမ်းတစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအသုံးပြုသည့်ထောက်ပံ့သယ်ပို့ယာဉ် SUV ကား၃ စီးမှာ မီးတင်ရှို့ခံခဲ့၇ကြောင်း အိန္ဒိယတပ်မတော်က ပြောဆိုသည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှားကမူ ဖြစ်ကတတ်ဆန်းလုံခြုံရေး စစ်ဆင်မှုကြောင့် စိတ်ထိခိုက်ခဲ့ရပြီး ကျန်ရစ်သူမိသားစုများအတွက် တရားမျှတမှုရှိစေရန် အာဏာပိုင်များအနေဖြင့် အပြည့်အ၀ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။
(Russia Today., 5December 2021,” Clashes erupt after Indian civilians killed in botched securityraid ” ကို #HtayOung,#OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)