Preview

ကူးစက်မြန် အိုမီခရွန်ကိုဗစ်မျိုးကွဲသည် ကာကွယ်ဆေးထိုးပြီးသူနှင့် ရောဂါပြန်လည်ကောင်းမွန်သူကိုလည်း ကူးစက်နိုင်ဟု WHO သတိပေး

ဒီဇင်ဘာ ၂၂/ ၂၀၂၁ | ကြည့်ရှုသူ :1534
နိုင်ငံတကာ သတင်း
မင်းအဂ္ဂ
စစ်တွေ၊ ဒီဇင်ဘာ ၂၂ / ၂၀၂၁
ကူးစက်မြန် အိုမီခရွန်ကိုဗစ်မျိုးကွဲသည် ကာကွယ်ဆေးထိုးပြီးသူများနှင့် ရောဂါပြန်လည်ကောင်းမွန်သူများကိုလည်း ကူးစက်နိုင်ဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးပြောကြားလိုက်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ တက်ဒရို့စ်အက်ဒ်ဟာနွန်ဂီဘရီယက်ဆုက ဒီဇင်ဘာ ၂၀ ရက်တွင် ဂျီနီဗာမြို့၌ သတင်းထောက်များကို ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု NHK သတင်းတစ်ရပ်တွင်ဖော်ပြသည်။
“အိုမီခရွန်ဟာ ဒယ်လ်တာထက် ပိုမိုကူးစက်ကြောင်း ကျိုးကြောင်းဆီလျော်တဲ့ အထောက်အထားကို တွေ့ထားပါပြီ။ နောက်ပြီးတော့ ကာကွယ်ဆေးထိုးပြီးသူတွေ ကူးစက်နိုင်ခြေရှိသလို ကိုဗစ်ဖြစ်ပြီး ပြန်လည် နာလန်ထလာသူတွေကိုလည်း ထပ်မံကူးစက်နိုင်ခြေရှိနေတယ်”ဟု တက်ဒရို့စ်အက်ဒ်ဟာနွန်ဂီဘရီယက်ဆုက သတင်းထောက်များကိုပြောခဲ့သည်။
အိုမီခရွန်မျိုးကွဲကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တောင်အာဖရိကနိုင်ငံတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ခန့်တွင် အိုမီခရွန်ကူးစက်မှုရှိနေပြီး ယင်းအထဲတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း ပါဝင်သည်ဟု သိ၇သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်တွင် စတင်လည်ပတ်နေပြီဖြစ်သည်။
ယင်းနောက် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်အတွင်း စစ်တွေရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့်လှေလုပ်သား ၂၄ ဦး၌ ကိုဗစ်ပိုးတွေ့ရှိထားပြီဖြစ်သည်။
၄င်းတို့တွင်တွေ့ရှိသည့်ကိုဗစ်ပိုးသည် အိုမီခရွန်မျိုးစိတ်မဟုတ်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရ ဉ္စရာကိုပြောသည်။
“ကျနော်တို့အဲဒီပထမ ရ ယောက်တွေ့တုန်းက ဆရာတို့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ဓာတ်ခွဲပေးပို့စစ်ခဲ့တယ်။ အဲဒီတော့ မရှိသေးဘူး။ ကျနော်တို့မြန်မာနိုင်ငံမှာလေ။ အိုမီခရွန်ဝင်ရောက်မှုမရှိသေးဘူး”ဟု ပြောသည်။
ကိုဗစ်ပိုးတွေ့ထားသည့်လှေလုပ်သားများသည် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူများဖြစ်သည်ဟုလည်း သိ၇သည်။
၇ခိုင်တွင် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း သေဆုံးသူ ၃၇ ဦးနှင့် ကူးစက်ခံ၇သူ ၄ ထောင်ကျော် ရှိခဲ့သည်။
ကိုဗစ်တတိယလှိုင်းအတွင်း ဒီဇင်ဘာလ ၂၀ ရက်အထိ သေဆုံးသူ ၄၇၂ ဦးနှင့် ရောဂါကူးစက်ခံ၇သူ ၅၂၀၀ ကျော်ရှိခဲ့သည်ဟု ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီစာရင်းအရ သိ၇သည်။
#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.