Preview

တရုတ်နိုင်ငံ၌ အအေးလှိုင်းဖြတ်သန်းနိုင်သဖြင့် အပြာရောင် သတိပေးချက်ထုတ်ပြန်

ဒီဇင်ဘာ ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :5877
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ဒီဇင်ဘာ ၂၃/၂၀၂၁ (နိုင်ငံတကာ)

တရုတ်နိုင်ငံတွင်အအေးလှိုင်းအတွက် အပြာရောင်သတိပေးချက်ကို သက်တမ်းတိုးခဲ့ပြီးနိုင်ငံ အနှံ့အပြားတွင်အပူချိန်ကျဆင်းကာ အအေးလှိုင်းဖြတ်နိုင်ကြောင်း မိုးလေ၀သဌာနက ဇင်ဘာ ၂၃ ရက်တွင် ခန့်မှန်းထားကြောင်း ဆင်ဟွာတွင် သတင်းဖော်ပြသည်။

ဒီဇင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ၂၆ ရက်အထိ တရုတ်နိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင်အပူချိန် ၆ ဒီဂရီဆဲလ်စီးယက်စ် မှ ၁၀ ဒီဂရီဆဲလ်စီးယက်စ် အထိ ကျဆင်းနိုင်သည်ဟုအမျိုးသားမိုးလေ၀သစင်တာ မှ သိ၇သည်။

အချို့နေရာများတွင်အပူချိန် ၁၄ ဒီဂရီ ဒီဂရီဆဲလ်စီးယက်စ်အောက်ထိ ကျဆင်းသွားနိုင်ကြောင်း မိုးလေ၀သစင်တာမှ သိ၇သည်။

ပြည်သူများအနေဖြင့်ချမ်းအေးသော ရာသီဥတုနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကို သတိပြုကြရန် စင်တာကအကြံပြုထားပြီး ရေခဲခြင်းကြောင့် လမ်းပိတ်ဆို့မှုမျာ ဖြစ်နိုင်သည့်အခြေအနေများအတွက် ယာဉ်ထိန်းရဲ နှင့်ရဲတပ်ဖွဲ့ဝင်များအား ကြိုတင်ပြင်ဆင်ထားရန်အကြံပြုထားသည်။

တရုတ်နိုင်ငံတွင်အရောင်လေးဆင့် မိုးလေ၀သ သတိပေးစနစ်ရှိပြီး အပြင်းထန်ဆုံးရာသီဥတုကို ကိုယ်စားပြုသည့် အနီရောင်၏ နောက်တွင်လိမ္မော်ရောင်၊ အဝါရောင်နှင့်အပြာရောင်တို့ အသီးသီး ရှိကြောင်း သိ၇သည်။

(Xinhua)

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.