ယနေ့နံနက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခရီးသည်တင်သင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားရာမှယခုအချိန်ထိ သေဆုံးသူ အလောင်း ၃၆ လောင်းကို ရှာဖွေတွေ့ရှိထားသည်ဟု DhakaTribune တွင်သတင်းဖော်ပြသည်။ုးသူ
၎င်းသင်္ဘောသည်မြို့တော် ဒက္ကားမှ ဘာဂုန (Barguna) မြို့သို့ ထွက်ခွာလာစဉ် Sugandha မြစ်တွင် ယနေ့ နံနက်က မီးလောင်မှုဖြစ်ပွားခဲ့သည်ဟုသတင်းတွင် ဖော်ပြထားသည်။
မီးလောင်မှုကြောင့်လူ ၂၀၀ ကျော် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ၎င်းတို့အား ဒေသဆိုင်ရာဆေးရုံများတွင် ဆေးကုသမှု ခံယူလျက်ရှိသည်ဟုဆိုသည်။
မီးလောင်မှုမှာအင်ဂျင်ခန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူများပြည့်ကျပ်နေသည့်မီးလောင်မှုမှ လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၎င်းသင်္ဘောပေါ်တွင်လူပေါင်း ၈၀၀ ခန့် ပါလာသည်ဟု The Independent သတင်းဖော်ပြသည်။
"Jhalakathi launch fire death toll rises to 36”