Preview

တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ကူးစက်ခံ၇သူ ၃၁၃ သန်းကျော်ရှိပြီး သေဆုံးသူ ၅ သန်းကျော်သွားပြီ

ဇန်နဝါရီ ၁၃/ ၂၀၂၂ | ကြည့်ရှုသူ :8293
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၁၃/ ၂၀၂၂(နိုင်ငံတကာ)

ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်မျိုးကွဲ အိုမီခရွန်ဖြစ်ပွားမှု တိုးလာသဖြင့် လက်ရှိအချိန်တွင် ကိုဗစ်ရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၁၃  သန်းကျော်သွားပြီဖြစ်ကြောင်း သိရှိ၇သည်။ 

 

JohnsHopkins (JHU) တက္ကသိုလ် ထုတ်ပြန်ချက် စာရင်းအ၇ ဇန်နဝါရီ  ၁၂ ရက် (ဗုဒ္ဓဟူးနေ့ နံနက်ထိ) ကိုရိုနာ ိုင်းရပ်စ် ကူးစက်ခံ၇သူမှာ ကမ္ဘာတစ်ဝှမ်းလုံးတွ်  စုစုပေါင်းမှာ ၃၁၃၁၈၆၃၆၈ ဦး ရှိပြီး သေဆုံးသူ ၅၅၀၃၈၂၂  ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဖော်ပြသည်။

 

အမေရိကန်နိုင်တွင်ယခုအချိန်အထိ ကိုဗစ်ဖြစ်ပွားသူ အရေအတွက်မှာ ၆၂၂၅၄၀၁၅ ဦးရှိပြီး  ဗိုင်းရပ်စ်ကြောင့် သေဆုံးသူမှာ ၈၄၂၁၃၉ ဦးရှိကြောင်း Johns Hopkins (JHU) တက္ကသိုလ်အချက်အလက်များကဖော်ပြသည်။ တနင်္ဂနွေနေ့ (ဇန်နဝါရီ ရက်) တွင် အမေရိကန်တွင် ကိုဗစ်ဖြစ်ပွားသူ  သန်း ၆၀  ကျော်သွားခဲ့ပြီဟုဆိုသည်။

 

အိန္ဒိယ၏ ကိုဗစ်ကူးစက်ခံ၇သူ အရေအတွက်မှာ( ဇန်နဝါရီ ၁၁ ရက်) အင်္ဂါနေ့ထိ ၃၅၈၇၅၇၉၀ ဦးရှိပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း အသစ်တွေ့ပိုးတွေ့သူ အရေအတွက်မှာ ၁၆၈၀၆၃ ဦး ရှိကြောင်း အင်္ဂါနေ့တွင် အိန္ဒိယ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအ၇ဖြစ်သည်။ ထို့အပြင် အိန္ဒိယတွင် တနင်္လာနေ့နံနက်ထိ (၂၄ နာရီအတွင်း) ကိုဗစ် ကူးစက်ရောဂါကြောင့်သေဆုံးသူ ၂ရ၇ ဦးရှိပြီး စုစုပေါင်းသေဆုံးသူ ၄၈၄,၂၁၃ ဦး ရှိခဲ့သည်ဟုဆိုသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အင်္ဂါနေ့နံနက်အထိ ၂၄ နာရီအတွင်း နောက်ထပ်သေဆုံးသူ ဦးနှင့်အတူ ကူးစက်ခံ၇သူ ,၄၅၈ ဦး ရှိပြီး ကိုဗစ်ရောဂါဖြစ်ပွားမှု ဆက်တိုက် မြင့်တက်လာသည်ကို မြင်တွေ့၇သည်ဟု သတင်းတွင် ဖော်ပြသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိန်းဂဏန်းအသစ်များအ၇ (ဇန်နဝါရီ ၁၂ ရက် ) ဗုဒ္ဓဟူးနေ့ထိ ကိုရိုနာရောဂါ ဖြစ်ပွားသူ ၁၆၀၁၃၀၅ ဦးအထိ မြင့်တက်လာခဲ့ပြီး  နိုင်ငံ၏ စုစုပေါင်းသေဆုံးမှုမှာ ၂၈,၁၁၁ ဦးအထိ ရှိခဲ့သည်ဟု The Independent  သတင်းစာတွင် ဖော်ပြသည်။

 

Ref: Global Covid-19 cases surpass 313 million, death tollcross 5 million mark (UNB, Dhaka)

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.