Preview

ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ကမ္ဘာ့အဆင့်မီတပ်ဖွဲ့အဖြစ်တည်ဆောက်မည်ဟု နိုင်ငံ၏ကာကွယ်ရေးဦးစီးချုပ်ပြောကြား

ဇန်နဝါရီ ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :3128
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၁၅/ ၂၀၂၂ (နိုင်ငံတကာ)

လက်တွေ့ကျပြီး ခေတ်မီသော လေ့ကျင့်မှုများဖြင့်ဘင်္ဂလားဒေ့ရှ် တပ်မတော်ကို ကမ္ဘာ့အဆင့်မီ တပ်ဖွဲ့တစ်ခုအဖြစ် တည်ဆောက်ရန်ကြိုးပမ်းမှုများ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး SM Shafiuddin Ahmed က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

Mymensingh ခရိုင်မြို့၌ ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ ဆောင်းရာသီစစ်ရေးလေ့ကျင့်မှု ပိတ်ပွဲကို ကြည့်ရှုပြီးနောက် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့သည်။

Mymensingh ခရိုင် Muktagachcha upazila ရှိချက်ချူဘဇားတွင် ပြုလုပ်သော လေးပတ်ကြာ ဆောင်းရာသီ စစ်ရေးလေ့ကျင့်မှုအား ပြီးဆုံးသည့် အခမ်းအနားသို့  ဗိုလ်ချုပ်Shafiuddin သည်အခြားတပ်မတော် အရာရှိများနှင့်အတူ စစ်ရေးလေ့ကျင့်မှုကို တက်ရောက်ကြည့်ရှုခဲ့သည်။

လေ့ကျင့်ရေးအပြင် ဘင်္ဂလားဒေ့ရှ်တပ်မတော်အနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကဏ္ဍအားလုံးမှာ ပြည်သူတွေဘက်က ရပ်တည်နေပါတယ်ဟုလည်း ၎င်းက ပြောဆိုသည်။

ဘင်္ဂလာဒေ့ချ့်ခြေလျင်တပ်မ (၉) မှ ပြုလုပ်သည့် ၎င်းစစ်ရေးလေ့ကျင့်မှုကို  Nabodiganta အမည်ပေးထားပြီး စစ်ရေး လေ့ကျင့်မှုကို အောင်မြင်စွာ ပြုလုပ်ခဲ့သည်ဟုဆိုသည်။ဘင်္ဂလားဒေ့ရှ်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကမ္ဘာပေါ်တွင် နည်းပညာများ တိုးတက်လာပြီး စစ်မြေပြင်များတွင် နည်းပညာအသုံးပြုမှုများကို လက်ရှိတွင် မြင်တွေ့နေ၇ပြီဟု ပြောကြားခဲ့ပြီး အနာဂတ်တိုက်ပွဲအစီအစဉ်တွင် ဉာဏ်ရည်တု ည်းပညာကိုထည့်သွင်းခြင်းဖြင့် ၎င်းတို့၏ အင်အားဖြည့်တင်းနိုင်စေသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို၁၉၇၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး လက်ရှိ စစ်သားအင်အားမှာ ၂၆၀၀၀၀ နှင့်အရပ်သားဝန်ထမ်း ၁၃၄၀၈ ဦးရှိကြောင်း ဝီကီပီးဒီယားတွင် ဖော်ပြထားသည်။

 

(BangladeshArmy to be built as a world-class force: Army Chief ကို မှီငြမ်းရေးသားသည်။)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.