စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မြန်မာထုတ် ယာဘားစိတ်ကြွဆေးပြား ၆ကုဋေဖိုးခန့်ဖမ်းမိဟု Dhaka Tribune ကသတင်းဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၆/၂၀၂၁

မြန်မာနိုင်ငံထုတ် တာကာ ၆ကုဋေခန့် တန်ဖိုးရှိသည့် ယာဘားစိတ်ကြွဆေးပြား သိန်းကို စစ်ဆင်ရေး တစ်ခုအတွင်း ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်တွင် ဖမ်းမိဟု Dhaka Tribune မနေ့က သတင်းဖော်ပြသည်။

ထိုသို့ ဖမ်းမိခြင်းကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGB/Border Guard of Bangladesh)က မနေ့က (စနေနေ့) သတင်းထုတ်ပြန်သည်။

သတင်းအရ ဘာလုခါလီ BGB တပ်ရင်း ၃၄ လက်အောက်ရှိ ကင်းလှည့်အဖွဲ့သည် နံနက် ၁၂ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် အဆိုပါ ဧရိယာအတွင်း မှုခင်းနှိမ်နှင်းရေးစစ်ဆင်ရေး တစ်ရပ်ပြုလုပ်ရာ လူလေးငါးဦးကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းမှောင်ခိုသမားများဟု ယူဆရ သူများသည် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို မြင်သည့်အခါ  အိတ်တစ်လုံးကို စွန့်ပစ်ကာ တောနက်ထဲ ပြေးဝင်ခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြသည်။

နောက်ပိုင်းတွင် အိတ်ကို ဖွင့်ဖောက်စစ်ဆေးရာ ယာဘားစိတ်ကြွဆေးပြား သိန်းကို အိတ်အတွင်းမှ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

(မှတ်ချက်- လက်ရှိ မြန်မာကျပ်ငွေနှင့် ဘင်္ဂလားတာကာ ငွေလှဲလှယ်နှုန်းမှာ ၁တာကာ= မြန်မာ ၁၅ ကျပ်ခန့်ရှိသည်။)


BGB seizes yaba worth 6C from Cox’s Bazar

ဆက်စပ် သတင်းများ