Preview

မြန်မာနယ်စပ် စိန့်မာတင်ကျွန်းအနီးယာဘားစိတ်ကြွဆေးပြားတစ်သန်းကျော် ဘင်္ဂလာကမ်းခြေစောင့်တပ်ဖွဲ့ဖမ်းမိ

ဇန်နဝါရီ ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :6480
နိုင်ငံတကာ သတင်း
နိရဉ္စရာ၊ ဇန်နဝါရီ ၁၉/၂၀၂၂
မြန်မာရေပြင်နှင့် နီးကပ်စွာတည်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်း (St. Martin) အနီးတွင် မှောင်ခိုစက်လှေ တစ်စီးပေါ်က ယာဘား စိတ်ကြွဆေးပြား ၁၁၉၅၆၀၀ ပြား၊ ခေတ်မီသေနတ်တစ်လက်၊ ကျည်ဆံ အတောင့် ၂၀နှင့် ကျည်ဘောက် ၂ ခုတို့ကို ဘင်္ဂလာ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည်ဟု အိုးကီးယားနယူးတွင် ဘင်္ဂလီဘာသာဖြင့် သတင်း ဖော်ပြသည်။
ထိုသို့ ဖမ်းမိခဲ့ခြင်းကို ယနေ့တက်ကနက်မြို့ ကမ်းခြေစောင့်တပ်ဖွဲ့ အတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကမ်းခြေစောင့်တပ်ဖွဲ့ တပ်မှူးက သတင်းထောက်များကို ပြောကြားခဲ့သည်။
ယမန်နေ့ ဇန်နဝါရီ ၁၈ ရက် နေ့လယ်က ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့် တပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB တို့သည် သတင်းအရ အထူးအော်ပရေးရှင်း တစ်ခုကို ပြုလုပ်စဉ် စိန့်မာတင်ကျွန်အနီးတွင် စက်လှေတစ်စီးပေါ်မှ ၎င်းဆေးပြားများနှင့် သေနတ်ကို ဖမ်းမိခဲ့သည်ဟု ဆိုသည်။
သတင်းအရ စောင့်ဆိုင်းနေစဉ် စက်လှေတစ်စီး ဝင်လာသဖြင့် ဘင်္ဂလာ ကမ်းခြေစောင့်တပ်ဖွဲ့က အချက်ပြ တားဆီးသော်လည်း မရပ်တန့်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ မှောင်ခိုသမားများမှာ စက်လှေပေါ်မှ ခုန်ဆင်းပြီး မြန်မာကမ်းခြေဘက်သို့ ရေကူးထွက်ပြေးသွားကြသည်ဟု သတင်း၌ ဖော်ပြထားသည်။
ဖမ်းဆီးရမိသော ဆေးပြားများနှင့် လက်နက်ကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် တက်ကနက် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းလိုက်သည်ဟုဆိုသည်။
#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.