Preview

အာဖဂန်နစ္စတန်တွင် နာရီခြား၍လှုပ်ခတ်ခဲ့သည့် ငလျင်နှစ်ကြိမ်အတွင်း အနည်းဆုံး လူ ၂၂ ဦး သေဆုံး

ဇန်နဝါရီ ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :4841
နိုင်ငံတကာ သတင်း
နိရဉ္စရာ၊ ဇန်နဝါရီ ၁၉/၂၀၂၂ (နိုင်ငံတကာ)

တနင်္လာနေ့မွန်းလွဲပိုင်းကအာဖဂန်နစ္စတန်အနောက်ပိုင်းBadghis ပြည်နယ် နာရီခြား၍ လှုပ်ခတ်သွားခဲ့သည့် ငလျင်နှစ်ခုအတွင်း  အနည်းဆုံးလူ၂၂ဦးသေဆုံးခဲ့သည်ဟု  ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးကပြောသည်။

၎င်းငလျင်သည် တာ့ခ်မင်နစ္စတန်နယ်စပ်နဲ့နယ်စပ်တလျှောက်ရှိ ာဖဂန်နစ္စတန်အနောက်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့ဟု ဆိုသည်။

 ာဖဂန်နစ္စတန်အနောက်ပိုင်း၎င်းဒေသသည် တိုင်းပြည်၏ အဆင်းရဲဆုံးနှင့်မဖွံ့ဖြိုးသေးသောဒေသများထဲမှတစ်ခုဖြစ်သည်ဟု သိ၇သည်။

 အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန တိုင်းတာချက်အ၇  ပြင်းအား.အဆင့်ရှိငလျင်သည်ဇန်နဝါရီ ၁၇ ရက် ဒေသစံတော်ချိန် မွန်းလွဲနာရီတွင်လှုပ်ခတ်ခဲ့ပြီး  ပြင်းအား. ငလျင်သည်  ညနေ နာရီတွင် လှုပ်ခတ်သွားခဲ့သည်ဟု ဆိုသည်။ ၎င်းငလျင်သည် ပြည်နယ်မြို့တော်Qala-e-Naw အရှေ့ဘက်၄၁ကီလိုမီတာ(၂၅မိုင်)နှင့်အရှေ့တောင်ဘက်ကီလိုမီတာ၅၀(၃၁မိုင်)အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့သည်ဟု တိုင်းတာချက်တွင် ဖော်ပြသည်။

အဆိုပါ ဒေသ၏ ဝေးလံခေါင်သီသောကျေးရွာအချို့ကိုကယ်ဆယ်ရေးသမားများရောက်ရှိသွားပြီး သေဆုံးသူဦးရေထပ်မံတိုးလာမည်ကိုစိုးရိမ်မှုများရှိနေဟု ဆိုသည်။

ပြည်နယ်ယဉ်ကျေးမှုနှင့်သတင်းပြန်ကြားရေးဌာနအကြီးအကဲBas Mohammad Sarwari ကငလျင်လှုပ်ခတ်မှုအတွင်းနေအိမ်အများအပြားပျက်စီးခဲ့ကြောင်းပြောကြားခဲ့သည်။

ဒေသခံများသည် ကြောက်လန့်ပြီး ငလျင် လှုပ်ခတ်စဉ်အတွင်း ၎င်းတို့၏နေအိမ်များမှ နေပြီး  ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ကြသည်ဟုSarwari ကဆိုသည်။

ပြည်နယ်မြို့တော်Qala-e-Naw ရှိနေအိမ်အချို့မှာအက်ကြောင်းများကြုံတွေ့ခဲ့၇သော်လည်းကြီးကြီးမားမားထိခိုက်ဒဏ်ရာ၇ခြင်းသို့မဟုတ်ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးခြင်းမရှိခဲ့ကြောင်း၎င်းကပြောကြားခဲ့သည်

(Twinearthquakes in western Afghanistan kill at least 22. UNB/AP)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.