နိရဉ္စရာ၊ ဇန်နဝါရီ ၁၉/၂၀၂၂ (နိုင်ငံတကာ/Htay Oung)
မျက်မှောက်အချိန်တွင်ဖြစ်ပွားလျှက်ရှိသော ကိုဗစ်ကပ်ရောဂါကာလအတွင်းကမ္ဘာ့ထိပ်တန်းအချမ်းသာဆုံးသူ ၁၀ ဦး၏ပိုင်ဆိုင်ကြွယ်၀မှုတို့မှာ ၂ ဆတိုးလာသော်လည်း ကမ္ဘာတစ်ဝှမ်းရှိဆင်းရဲနွမ်းပါးသူများအနေဖြင့်မူ ကာကွယ် ဆေးဝါးရှားပါးမှုနှင့်ဆေးဝါးကုသရန် အခက်အခဲများကြောင့် သေဆုံးလူမျောပါးဆက်လက်ခံစားနေကြရကြောင်း အပြည်ပြည်ဆိုင်ရာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့်စာနာမှုအကူအညီပေးရေး ပ၇ဟိတ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Oxfam ကသတင်းထုတ်ပြန်လိုက်သည်ဟု Russia Today က ယနေ့ ရေးသားသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၁၀ ဦးမျှကိုသာ ကပ်ရောဂါနှင့်ပတ်သက်၍ အမြတ်အစွန်းအပေါ်၉၉% အခွန် ကောက်ခံနိုင်ခဲ့လျှင် ကမ္ဘာ့လူသားတိုင်းအတွက် ကာကွယ်ဆေးများဝယ်ယူရန်ငွေကြေး အလုံအလောက် ရရှိလိမ့်မည်ဖြစ်ကြောင်း တနင်္လာနေ့တွင်ထုတ်ပြန်ခဲ့သည့် Oxfam ၏ အစီရင်ခံစာ၌ ဖော်ပြထားသည် ဆို၏။
အချမ်းသာဆုံးသူ၁၀-ဦး၏ Covid-19 ရောဂါနှင့် ပတ်သက်၍ တိုးပွားလာသောစည်းစိမ်ဥစ္စာများအပေါ် ၉၉% အမြတ်ခွန်မှာကန်ဒေါ်လာ ၈၁၂ ဘီလီယံရှိနေပြီး ၄င်းတို့ ၁၀ ဦး၏ အမြတ်အစွန်းမှာကမ္ဘာ့အဆင်းရဲဆုံး လူပေါင်း ၃.၁ ဘီလီယံ၏ပိုင်ဆိုင်မှုထက် ၆-ဆ ပိုမိုများပြားသည်ဟု ဆိုသည်။
ချမ်းသာသူများသည်လူ့အဖွဲ့အစည်းပုံသဏ္ဍာနှင့် စနစ်ကျသော မူဝါဒရွေးချယ်မှုများမှ၄င်းတို့ စိတ်ကြိုက် အကျိုးအမြတ်များကို ချော်တောငေါ့ကာရရှိခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ဤဆုံးဖြတ်ချက်များကြောင့်ဆင်းရဲသားများမှာ ထိခိုက်နစ်နာခဲ့၇ကြောင်း “မညီမျှမှုဖြင့် သတ်ဖြတ်ခြင်း”ဟူသောခေါင်းစဉ်ပါ အစီရင်ခံစာတွင် အခိုင်အမာထည့်သွင်း ဖော်ပြထားကြောင်း သိရှိ၇သည်။
ကာကွယ်ဆေးထိုးနှံထားသည်ဖြစ်၍သန်းနှင့် ချီသောသူများမှာ ယနေ့ထိတော့ အသက်ရှင်နေဦးမည် ဖြစ်ကြောင်း၊ သို့သော် ထိုသူများသေဆုံးသွားကြလျှင်လည်း ဆေးဝါး ကော်ပိုရေးရှင်းကြီး များက အဆိုပါ နည်းပညာတို့ကို ဆက်လက် လက်ဝါးကြီး အုပ်ထိန်းချုပ်ကိုင်ထားခြင်းဖြင့်အခြားလူသား ဘီလီယံတို့၏ အခွင့်အရေး ကိုငြင်းဆိုနေကြကြောင်း၊ မျက်မှောက် ကမ္ဘာကြီးတွင် ကာကွယ်ဆေး မညီမျှခြင်းကြောင့်ပျမ်းမျှ လူပေါင်း ၂၁,၃၀၀ ခန့် နေ့စဉ်အသက်ဆုံးရှုံးလျှက်ရှိနေကြောင်း ဖော်ပြသည်။
ဘီလျံနာများသည်ကပ်ရောဂါကို ဖြတ်သန်းကာ ရှင်သန်လျှက်ရှိကြပြီး ဘဏ္ဍာရေးနှင့်ငွေကြေးနှိုးဆွမှု အစီအမံများဖြင့် စတော့ဈေးကွက် ကြီးထွားလာသည်နှင့်အမျှ၎င်းတို့၏ ကြွယ်၀ချမ်းသာမှုကို အထောက်အကူဖြစ်စေခဲ့ကြောင်း၊ ကာကွယ်ဆေးများ၏ ရည်ရွယ်ချက်မှာ လက်ရှိ ကပ်ရောဂါကို အဆုံးသတ်ရန် ဖြစ်သော်လည်း ဆေးဝါးလုပ်ငန်း ရှင်သန်းကြွယ်သူဌေးကြီးများက လက်ဝါးကြီး အုပ်ခြင်းဖြင့်လူသန်းပေါင်းများစွာအတွက် ကာကွယ်ဆေး ထောက်ပံ့မှုကိုဖြတ်တောက်ရန် ချမ်းသာသည့် အစိုး၇တို့က ခွင့်ပြုလျှက်ရှိကြောင်း၊မညီမျှမှု အမျိုးမျိုးတို့ကြောင့် ထွက်ပေါ်လာသည့် ရလဒ်မှာ့ယခင် စိတ်ကူးထဲ၌ပင် မရှိခဲ့သည့် ဗီဇပြောင်း မျိုးကွဲဗိုင်းရပ်စ်သစ်များဖြစ်ပေါ်လာခြင်းကဲ့သို့ အန္တရာယ်များ မြင့်တက်လာခြင်းပင်ဖြစ်ကြောင်း၊ လူအများအပြားတို့အနေဖြင့်ဖျားနာ ကြ၇တော့မည်ဟုနိမိတ်လက္ခဏာပင်ဖြစ်ကြောင်း၊ ဤသည်မှာမညီမျှမှုဖြင့်သတ်ဖြတ်ခြင်း၏ အကျိုးဆက်များပင် ဖြစ်ကြောင်း၊ နိုင်ငံတကာအကူအညီပေးရေးOxfam အဖွဲ့၏အစီရင်ခံစာကို အမှုဆောင် ဒါရိုက်တာ ဂေဘရီ၇ယ်ဘူချာက ဖတ်ကြားသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၏Covid-19 ကြောင့် သေဆုံး၇သူများ၏ အချိုးအစားသည် ချမ်းသာသော နိုင်ငံများထက်၂-ဆပိုများကြောင်း Oxfam က ပြောဆိုသည်။
ယခုသီတင်းပတ်တွင်ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့၌ အစဉ်အလာအားဖြင့် ကျင်းပမည့်နိုင်ငံတကာဆိုင်ရာ စိန်ခေါ်မှုများအရေးနှင့် ပတ်သက်၍ ကမ္ဘာ့ခေါင်းဆောင်များ၏ကမ္ဘာ့စီးပွားရေးဖိုရမ် အစည်းအဝေးများ မတိုင်မီOxfam က၄င်း၏ အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
Russia Today., 17 Jan, 2022,” Covidkills poor as rich get richer – report” ကို HtayOung/ OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။
https://www.rt.com/news/546250-covid19-kills-poor-rich-oxfam/https://www.aljazeera.com/economy/2022/1/17/hdlthe-poor-die-from-covid-while-the-rich-get-richer-oxfam-warns