Preview

ကော့ဘဇားတွင် ဘင်္ဂလာတာကာငွေ ရှစ်ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ မြန်မာနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးမိ

ဧပြီ ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :8120
နိုင်ငံတကာ သတင်း
နိရဉ္စရာ၊ ဧပြီ ၂/၂၀၂၂

ဘင်္ဂလားဒေ့ရှ် တာကာ ၈ကုဋေနီးပါးတန်ဖိုးရှိ စိတ်ကြွယာဘဆေးပြား၅၄,၀၀၀ဝန်းကျင်နှင့် အိုက်စ် (သို့မဟုတ်)မက်သာဖက်တမင်း မူးယစ်ဆေးဝါးတစ်ကီလိုဂရမ်ကျော်ကို မြန်မာနိုင်ငံသား နှစ်ဦးနှင့်အတူဖမ်းဆီး သိမ်းဆည်း၇မိခဲ့ကြောင်းThe Dhaka Tribune က သတင်းဖော်ပြသည်။

မြန်မာနိုင်ငံသားနှစ်ဦးကိုဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည် ကော့ဘဇားတွင် မူးယစ်ဆေးဝါးများနှင့်အတူ စနေနေ့က ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံ၇သူများမှာမြန်မာနိုင်ငံ မောင်တောမြို့နယ်က  Zubaier Ahmed (၂၂) နှစ်(ဖ) Siraj Uddinနှင့် Md Rafique (၂၃) နှစ် (ဖ)Abdul Goni ၏သား၂၃ နှစ် တို့ဖြစ်သည်ဟု ဆိုသည်။

သတင်းပေးချက်အ၇ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့  BGB-2 အဖွဲ့သည် နတ်မြစ်အတွင်း စက်လှေတစ်စင်းကို ကြားဖြတ်ဖမ်းဆီးခဲ့ရာမှ  မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ နှစ်ဦးနှင့် အတူ  ၎င်း မူးယစ်ဆေးဝါးများကိုဖမ်းဆီးခဲ့ကြောင်း တက်ကနက် ပ်ရင်း-၂မှ ကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar က ပြောသည်။

"ယာဘဆေးပြား၅၄၀၀၀ နဲ့ ကီလိုဂရမ် ၈ ကုဋေတန်ဖိုးရှိတဲ့ မက်သာဖက်တမင်းဆေး ၁ ဒဿမ ၀၆၉ ကီလိုဂရမ်ကိုလက်ဝယ်မှာ သိမ်းဆည်း၇မိခဲ့ပါတယ်"

မှောင်ခိုသမားများသည်မြစ်ထဲသို့ ခုန်ချထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်ဖမ်းမိခဲ့ကြောင်းသိ၇သည်။

#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.