ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ယူကရိန်းအရှေးတောင်ပိုင်း Mariupol မြို့တွင် အရပ်သား ၅၀၀၀ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 758

နိရဉ္စရာ၊ ဧပြီ ၉/၂၀၂၂ (နိုင်ငံတကာ)

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းတွင်  တည်ရှိသည့် Mariupol မြို့ကို ရုရှားတပ်တို့  ဝိုင်းရံထားခဲ့စဉ် အရပ်သား ၅၀၀၀ ခန့် သေဆုံးကြောင်း ရုရှားလိုလားသော တပ်ဖွဲ့များက ခန့်အပ်ထားသည့် Mariupol ၏ မြို့တော်ဝန်အသစ်က ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

မြို့တော်ဝန်အဖြစ် Konstantin Ivashchenko ကို  ခွဲထွက်ရေး Donetsk ဒေသရှိ သူပုန်ခေါင်းဆောင် Denis Pushilin မှ ဗုဒ္ဓဟူးနေ့တွင် ခန့်အပ်ခဲ့သည်။ 

မြို့တော်ဝန်သစ်က "အိမ်ရာများ၏ ၆၀ သို့မဟုတ် ၇၀ လောက် ဖျက်ဆီးခံရ (သို့မဟုတ်)  တစ်စိတ်တစ်ပိုင်း ဖျက်ဆီးခံခဲ့ရသည် ဟု ပြောကြားခဲ့သည်။

လူပေါင်း ၂၅၀,၀၀၀ သည် Mariupol မြို့မှ ထွက်ခွာသွားကြောင်း ရုရှား TASS သတင်းဌာနမှ ကိုးကား၍ Ivashchenko က ဖော်ပြခဲ့သည်။ ၎င်းကိုးကားချက်များသည် TASS မှ သောကြာနေ့တွင် ထုတ်ပြန်မည့် အင်တာဗျူးတစ်ခုမှ ကောက်နှုတ်ချက်ဖြစ်သည်။

ယူကရိန်းအာဏာပိုင်များက ရှေ့ရိုးစွဲဝါဒီများ၏ ခန့်မှန်းခြေ သေဆုံးသူ ၅၀၀၀ သည် မြို့၌ "သောင်းနှင့်ချီသော အရပ်သားသေဆုံးမှု" ဖြစ်နိုင်ကြောင်းကို ညွှန်ပြနေကြောင်း၊  မြို့သည် ၉၀ ရာနူန်း ပျက်စီးသည်ဟုဆိုသည်။

ရုရှားစစ်တပ်နှင့် ၎င်း၏ ခွဲထွက်ရေးမဟာမိတ်များက Mariupol ကို ရက်သတ္တပတ်များအတွင်း ဝိုင်းရံထားသော်လည်း ယူကရိန်း၏ ပြင်းထန်သော ခုခံမှုကို ရင်ဆိုင်နေရသည်။

 

5,000 civilians killed in Mariupol/ AFP/ April 8, 2022 5:46 PM




ဆက်စပ် သတင်းများ