ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ပါကစ္စတန်ပါလီမန်တွင် အယုံအကြည်မရှိအဆိုကိုတင်သွင်း၍ ဝန်ကြီးချုပ်ခန်းကို ဖြုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.2k

နိရဉ္စရာ၊ ဧပြီ ၁၀/ ၂၀၂၂ (နိုင်ငံတကာ)

ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်း (Imran Khan) သည် တနင်္ဂနွေနေ့က ပါလီမန်တွင် အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားခဲ့ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ပါကစ္စတန် အောက်လွှတ်တော် တွင် ၃၄၂ မဲရှိရာ အယုံအကြည်မရှိအဆိုကို အတိုက်အခံပါတီများက ၁၇၄ မဲ အနိုင်ရယူနိုင်ခဲ့သည်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ Ayaz Sadiq ကပြောသည်။

ပါကစ္စတန် ဝန်ကြီးချုပ်အား စီးပွားရေးယိုယွင်းလာမှုနှင့် ၎င်း၏မဲဆွယ်ကတိများကို ဖြည့်ဆည်းပေးရန် ပျက်ကွက်ခဲ့သည့်အတွက် ညွန့်ပေါင်းမိတ်ဖက်များမှ နုတ်ထွက်ပြီးနောက် ပါလီမန်မဲခွဲရာ အယုံအကြည်မရှိအဆိုက အောင်နိုင်သွားခဲ့သည်။

အသက် ၆၉ နှစ်အရွယ် ခရစ်ကတ်စတား-နိုင်ငံရေးသမား ဝန်ကြီးချုပ်ခန်းသည် ၂၀၁၈ ခုနှစ်တွင် စစ်တပ်၏ ထောက်ခံမှုဖြင့် အာဏာရခဲ့သော်လည်း မကြာသေးမီကမဟာမိတ်များက သူ၏ ညွန့်ပေါင်းအစိုးရမှ နုတ်ထွက်သော အခါသူ၏ပါလီမန်အမတ်အများစုဆုံးရှုံးခဲ့သည်။

တပ်မတော်၏ ထောက်ခံမှု ဆုံးရှုံးသွားသည့် လက္ခဏာများလည်း ရှိကြောင်း လေ့လာသူများက ဆိုသည်။

 ပါကစ္စတန်သည် လူဦးရေ သန်း ၂၂၀ ရှိပြီး  နျူကလီးယားလက်နက်ပိုင် နိုင်ငံ ဖြစ်သည်။

(Imran Khan ousted in no-trust vote in Pakistan parliament/Reuters)

ဆက်စပ် သတင်းများ