သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ဗလီတွင် ဗုံးပေါက်ကွဲမှုကြောင့် ဝတ်ပြုသူ ၅၀ ကျော် သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k

နိရဉ္စရာ၊ ဧပြီလ ၃၀ ရက်/ ၂၀၂ (နိုင်ငံတကာ)

အာဖဂန်နစ္စတန်ရှိ မွတ်ဆလင် လမြတ်ရမ်ဇာန်လအတွင်း အရပ်ဘက်ပစ်မှတ်များကို ဆက်တိုက် တိုက်ခိုက်မှုများ ဖြစ်ပွားနေချိန်တွင် ကဘူးလ်ဗလီတွင် သောကြာနေ့ဝတ်ပြုဆုတောင်းပြီးနောက် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်  ဝတ်ပြုသူ ၅၀ ကျော်ထက်မနည်း သေဆုံးသွားကြောင်း ရိုက်တာတွင် သတင်းဖော်ပြသည်။

ကဘူးလ်မြို့တော်အနောက်ဘက်ရှိ Khalifa Sahib ဗလီကို မွန်းလွဲအစောပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Besmullah Habib က ပြောကြားခဲ့ပြီး တာဝန်ရှိသူများက သေဆုံးသူ ၁၀ ဦးရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။

မွတ်စလင်အချို့က ဘာသာရေးအောက်မေ့မှုအဖြစ် ဆွန်နီဗလီတွင် သောကြာနေ့ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ပြီးနောက် စုဝေးနေချိန်တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသေခံ ဗုံးခွဲသူဟု ယူဆရသည့် တစ်စုံတစ်ဦးသည် အခမ်းအနားတွင် ပါဝင်ခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲခဲ့ကြောင်း ဗလီ၏ အကြီးအကဲ Sayed Fazil Agha က ပြောကြားခဲ့သည်။

အနက်ရောင် မီးခိုးတွေ တက်လာပြီး နေရာအနှံ့ ပျံ့သွားပါတယ်၊ လူသေအလောင်းတွေ နေရာတိုင်းမှာ ရှိနေပါတယ်ဟု ၎င်းက Reuters သို့ ပြောကြားပြီး သေဆုံးသူများထဲတွင် ၎င်း၏ တူများ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကျွန်တော်ကိုယ်တိုင် လွတ်မြောက်ခဲ့ပေမယ့် ချစ်ရတဲ့သူတွေကို ဆုံးရှုံးခဲ့ရတယ်ဟု ၎င်းက ဆိုသည်။

မြို့ခံ Mohammad Sabir က ူတွေကို လူနာတင်ယာဉ်တွေထဲ တင်ဆောင်လာတာကို တွေ့ခဲ့ရတယ်ပေါက်ကွဲသံက အရမ်းကျယ်တယ်၊ နားစည်တွေ ကွဲသွားတယ်ထင်တယ်ဟု ၎င်းက ဆိုသည်။

ကဘူးလ်မြို့လယ်ရှိ အရေးပေါ်ဆေးရုံက ပေါက်ကွဲမှုကြောင့် ဒဏ်ရာရလူနာ ၂၁ ဦးကို ကုသပေးနေပြီး ရောက်ရှိလာချိန်တွင် လူနာနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အမည်မဖော်လိုသော အခြားဆေးရုံမှ သူနာပြုတစ်ဦးမှ ဒဏ်ရာရရှိသူ အများအပြားမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့သည်။ ယခုအချိန်အထိ ဆေးရုံများတွင် စုစုပေါင်း အလောင်း ၃၀ ထက်မနည်း လက်ခံရရှိထားကြောင်း ကျန်းမာရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်းက ဗုံးပေါက်ကွဲမှုများအတွင်း အာဖဂန်အရပ်သား အများအပြား သေဆုံးခဲ့ပြီး အချို့မှာ IS အဖွဲ့က ၎င်းတို့ ပြုလုပ်သည်ဟု ပြောဆိုထားသည်။

ပြီးခဲ့သည့်သောကြာနေ့တွင် Kunduz မြို့ရှိ ဆွန်နီဗလီတစ်ခု၌ သောကြာနေ့ဝတ်ပြုဆုတောင်းစဉ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ၃၃ ဦး သေဆုံးခဲ့သည်။

(Blast kills more than 50 worshippers at Kabul mosque/Reuters)

ဆက်စပ် သတင်းများ