စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ယူကရိန်းက ရုရှားအား စပါးများအကြီးအကျယ်ခိုးယူဟု စွပ်စွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

 

နိရဉ္စရာ၊ မေ ၁ / ၂၀၂၂ (နိုင်ငံတကာ)

ရုရှား ကျူးကျော်စစ်သည်များက တန်ချိန်တစ်သိန်းကျော် စပါးများကို  ခိုးယူခဲ့ကြောင်း ယူကရိန်း စိုက်ပျိုးရေးအရာရှိများက ပြောသည်။

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံအတွင်း ၎င်းတို့သိမ်းပိုက်ထားသော ဒေသများတွင် စပါးတန်ချိန် တစ်သိန်းကျော် ခိုးယူခဲ့ကြောင်း ယူကရိန်း စိုက်ပျိုးရေးလက်ထောက်ဝန်ကြီး Taras Vysotskiy  က စနေနေ့တွင် ပြောကြားခဲ့သည်။ သိမ်းပိုက်ခံထားရသော နယ်မြေတွင် သိမ်းဆည်းထားသော စပါးတန်ချိန် ၁.၅ သန်း အများစုကို  ရုရှားစစ်တပ်မှ ခိုးယူသွားနိုင်ကြောင်း Taras Vysotskiy က ထုတ်ဖော်ပြောဆိုခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှားက ၎င်းတို့သိမ်းပိုက်ထားသော နယ်မြေအတွင်း စပါးများ ခိုးယူသည်ဟု ကြာသပတေးနေ့တွင် စွပ်စွဲခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်မှု တိုးလာသည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စိုက်ပျိုးရေးဝန်ကြီး Mykola Solskyi က ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း စပါးခိုးယူမှု တိုးလာသည်ဟု ပြောကြားခဲ့သည်။

သိမ်းပိုက်ခံထားရတဲ့ နယ်မြေက ဆိုက်လိုပိုင်ရှင် တော်တော်များများဆီက ဒါကို ကျွန်တော် ကိုယ်တိုင်ကြားရတယ်။ ဒါဟာ အပြတ်အသတ် လုယက်မှုပါ။ ပြီးတော့ ဒါက သိမ်းပိုက်ထားတဲ့ နယ်မြေမှာ နေရာတိုင်းလိုလို ဖြစ်နေတယ်ဟု ဝန်ကြီးဌာနက Solskyi ၏ ပြောကြားချက်ကို ကိုးကားခဲ့သည်။

ယူကရိန်းနိုင်ငံရှိ ဒေသ ၂၄ ခုအနက် ခြောက်ခုတွင် ရုရှားကျူးကျော်ဝင်ရောက်နေသော်လည်း နွေဦးရာသီတွင် စပါးမျိုးစေ့ကြဲမှု အပြီးသတ်ခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။

 

(Ukraine accuses Russia of massive grain theft/ Bangkok Post)

ဆက်စပ် သတင်းများ