သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ထိုင်းတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၁,၅၃၅ ဦး၊ သေဆုံးသူ ၉၁ ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 481

နိရဉ္စရာ၊ မေ ၁/ ၂၀၂၂ (နိုင်ငံတကာ)

 

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၁၁,၅၃၅ ဦးနှင့် သေဆုံးသူ ၉၁ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (တနင်္ဂနွေနေ့ ) နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

 

စနေနေ့နံနက်တွင် အတည်ပြုလူနာအသစ် ၁၂,၈၈၈ ဦးနှင့် ကိုရိုနာဗိုင်းရပ်ဆက်စပ်သေဆုံးမှု ၁၂၆ ဦးရှိခဲ့ခဲ့သည်။

 

စနေနေ့တွင် COVID-19 လူနာ ၂၂,၀၂၂ ဦးသည် ကိုရိုနာဗိုင်းရပ်မှ ပြန်လည်ကောင်းမွန်လာပြီးနောက် ဆေးရုံမှဆင်းခဲ့ရသည်။

 

ကပ်ရောဂါစတင်ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်အစောပိုင်းမှစ၍ ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ ၁၉၂၄၃၈၄  ဦးနှင့် ယခုနှစ်တွင် ကောင်းမွန်လာသူ ၂၀၃၉၀၄၉  ဦးရှိသည်။ စုစုပေါင်း ကိုဗစ်-19 ကူးစက်ခံရသူ ၄၂၆၂၄၈၄ ဦးရှိသည်။

 

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ စုစုပေါင်း အရေအတွက်မှာ ၂၈၆၁၇ ဦးရှိပြီး  ယခုနှစ်တွင် လက်ရှိအချိန်ထိ သေဆုံးသူမှာ  ၆၉၁၉ ဦးရှိသည်။

 

ကိုဗစ်-ဆက်နွယ်ပြီး  ၂၄ နာရီအတွင်း သေဆုံးမှု အမြင့်ဆုံးအရေအတွက်မှာ ၂၀၂၁ ခုနှစ် ခု သြဂုတ် ၁၃ ရက်နေ့က ဖြစ်ပြီး တစ်နေ့တည်းအတွင်း လူပေါင်း  ၃၁၂ ဦး သေဆုံးမှုခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ ကိုဗစ် အမြင့်ဆုံး အရေအတွက် တွေရှိခဲ့သည့်နေ့မှာ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်နေ့ ဖြစ်ပြီး တစ်နေ့တွင် လူပေါင်း ၂၈၃၄၉ ဦးတွင် တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ