နိရဉ္စရာ၊ မေ ၅/ ၂၀၂၂(နယ်စပ်ရေးရာ)
ဘင်္ဂလာဒေ့ရှ်နိုင်ငံ တောင်ပိုင်း ကော့ဘဇားကမ်းခြေသို့ အိဒ် (Eid)နေ့အခါသမယတွင် အပန်းဖြေရန် စခန်းများက ထွက်လာကြသည့် မြန်မာနိုင်ငံမှ မူဆလင်ဒုက္ခသည် လူပေါင်း ၄၅၀ ကျော်ဖမ်းဆီးခံခဲ့၇ကြောင်း DhakaTribune က ယမန်နေ့ မေ ၄ ရက် နေ့စွဲဖြင့် သတင်းဖော်ပြသည်။
ဖမ်းဆီးခံ၇သူများအထဲတွင် ကလေးငယ်များ၊ မိန်းမများနှင့် အမျိုးသားများလည်းပါဝင်ပြီးခရီးသွားများလည်ပတ်သည့် နေရာအများအပြားကနေ ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။
၎င်းတို့သည် ကော့စ်ဘဇား ပင်လယ်ကမ်းခြေတွင်ပျော်ရွှင်လိုသည့်အတွက် အိုကီးယား(Ukhiya) နှင့် တက်ကနက် (Teknaf ) ရှိ ဒုက္ခသည်စခန်းများမှ ထွက်လာကြပြီး သူတို့ကို Kalatali, Laboni, Sugandha နှင့် Inani ကမ်းခြေဒေသများ၌ ထိန်းသိမ်းခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ကော့စ်ဘဇားတွင် အိဒ် အားလပ်ရက်အတွင်းခရီးသည် နေ့စဉ် နှစ်သိန်းခန့်ရောက်ရှိသည်ဟု ဆိုသည်။
ကော့စ်ဘဇားရဲစခန်းမှရဲအရာရှိ Md Rezaul Karim က ရရှိလာသော သတင်းအချက်အလက်များကို အခြေခံ၍ နေရာ အများအပြားကိုဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း၊၎င်းတို့ကို သက်ဆိုင်ရာရဲစခန်းသို့ပို့ဆောင်ထားကြောင်း ၎င်းက ဆိုသည်။
"Over 450 Rohingyas detained at Cox’s Bazar beach"