Preview

ကျူးဘားမြို့တော် ဟာဗားနားတွင် ဟိုတယ်ပေါက်ကွဲမှုဖြစ်၍ လူ ၈ ဦးထက် မနည်းသေဆုံး

မေ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :3019
နိုင်ငံတကာ သတင်း
နိရဉ္စရာ၊ မေ ၈/ ၂၀၂၂ ( နိုင်ငံတကာ)

ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် မေ ၆ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူ ၈ ဦးထက်မနည်းသေဆုံးပြီး အခြား ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင်သတင်းရင်းမြစ်များကို ကိုးကားပြီး ဆင်ဟွာက သတင်းဖော်ပြထားသည်။

“ လူ ၈ ဦး သေဆုံးပြီး ၃၀ ခန့် ဆေးရုံတင်ထားရပါတယ်” ဟု ကျူးဘား သမ္မတရုံးက မေ ၆ ရက်က တွစ်တာပေါ်၌ ရေးသားထားသည်။

ပေါက်ကွဲမှုသည် ဟိုတယ် Saratoga ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ကြောင်း ကျူးဘား သမ္မတရုံးအရ ထုတ်ပြန်ချက်အရ သိ၇သည်။

အမျိုးသားလွှတ်တော်အဆောက်အအုံအနီးရှိ ကြယ်ငါးပွင့်အဆင့်ရှိသော အဆိုပါဟိုတယ်မှာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းပြန်လည်နိုးထရေး တစ်စိတ် တစ်ပိုင်းအဖြစ် လာမည့်ရက်အနည်းငယ်အတွင်း ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်ဟုဆိုသည်။

နိုင်ငံပိုင် မီဒီယာဖြစ်သော Cubadebate မှ မျှဝေထားသော လူမှုမီဒီယာ သတင်းများအရ ပေါက်ကွဲမှုသည် ဓာတ်ငွေ့ရည်ဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

လူအမြောက်အများသည် ဆေးရုံရှိ ဒဏ်ရာရရှိသူများအတွက် သွေးလှူရန် ကမ်းလှမ်းထားကြသည် ဟု သိ၇သည်။

At least 8 killed in Havana hotel explosion (Xinhua)

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.