Preview

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်နိုင်ငံလုံးလျှပ်စစ်မီးလင်းပြီ

မေ ၁၃/ ၂၀၂၂ | ကြည့်ရှုသူ :8917
နိုင်ငံတကာ သတင်း
နိရဉ္စရာ၊ မေ ၁၂/၂၀၂၂ (နိုင်ငံတကာ)
မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိသွားပြီဟု သတင်းရရှိသည်။
တရုတ်အကူအညီဖြင့် ဆောင်ရွက်နေသည် pajala 2×600 MW Ultra-Supercritical Coal-fired Power Station တည်ဆောက်မှု ပြီးစီးသွားသော ကြောင့် ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း တရုတ် သံရုံးက ထုတ်ပြန်ချက်ကို ကိုးကားက BETV သတင်းက “ မြန်မာ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရုတ်အကူအညီဖြင့် တစ်နိုင်ငံလုံးမီးလင်းပြီ” ဟု မေ ၁၁ ရက်က သတင်းရေးသားဖော်ပြသည်။
၎င်းလျှပ်စစ်မီး စီမံကိန်းသည် တရုတ်၏ နာမည်ကြီး The Belt and Road လမ်းကြောင်းပေါ်ရှိ အဓိက စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်ကတည်းက စတင်ဖော်ဆောင်ခဲ့သည်ဟု သိ၇သည်။
၎င်းစီမံကိန်းသည် အာရှတွင် တတိယမြောက်၊ ကမ္ဘာပေါ်မှာ ၁၂ ခုမြောက် Ultra-Supercritical နည်းပညာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြစ်ပြီး ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလုထုဘ၀ ကောင်းမွန် လာစေရေးအတွက် အာမခံချက်ပေးနိုင်မည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်သည် နှစ်စဥ် ဓာတ်အား ၈.၅၈ ဘီလီယံ kWh ခန့် ထောက်ပံ့ ပေးနိုင်ပြီး အိန္ဒိယနှင့် ပါကစ္စတန်တို့ကို ကျော်လွန်ပြီး တောင်အာရှမှာ ပထမဆုံး တစ်နိုင်လုံး လျှပ်စစ်ဓာတ်အားရရှိသည့် နိုင်ငံဖြစ်လာစေသည်ဟု ဆိုသည်။
လက်ရှိတွင် ၎င်းနိုင်ငံတွင် Pajala ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံအပြင် Balapukulia ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ အပိုင်း ၂ ကိုလည်း တိုးချဲ့တည်ဆောက်နေသည်ဟု သတင်းတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီး နှစ်ပေါင်း (၅၁) နှစ်အကြာတွင် သူ့နို်င်ငံတစ်ခုလုံးကို လျှပ်စစ်မီး ဖြန့်ဝေပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ (NN-15)
(ဓာတ်ပုံ- ရုရှားအကူအညီဖြင့် တည်ဆောက်နေသည့် ဘင်္ဂလားဒေ့ရှ်မှ Rooppur နျူကလီယားဓာတ်အားပေးစက်ရုံကို တွေ့၇စဉ်)

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.