အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင်မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်၍ လူ၁၄ ဦးအထိ သေဆုံးမှုရှိလာသည်ဟု သတင်းရရှိသည်။
အဆိုပါ ရေကြီးမှုကြောင့် အာသံပြည်နယ် ၂၉ ခရိုင်တွင် နေထိုင်သူ လူ ၇ သိန်းကျော် ထိခိုက်ခဲ့ကြောင်းအာသံပြည်နယ် သဘာ၀ဘေးစီမံခန့်ခွဲမှုအဖွဲ့ ANI က စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ခရိုင် ၄ ခုဖြစ်သည့် Nagaon၊ Hojai၊Cachar နှင့်Darrang ခရိုင်များသည်အန္တရာယ် မြင့်မားနေကြောင်း သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့မှ သတင်းထုတ်ပြန်သည်။
ယမန်နေ့ သောကြာနေ့က Cachar၊ Lakhimpur နှင့် Nagaon ခရိုင် ၃ ခုတွင် ကလေးနှစ်ဦးအပါအဝင်လူလေးဦး ရေနစ်သေဆုံးခဲ့သည်။
အစိုးရကကယ်ဆယ်ရေး စခန်း ၃၄၃ ခု ထူထောင်ထားပြီး ရေဘေးဒဏ်သင့် ပြည်သူ ၈၆,၇၂၂ ဦးကို လက်ရှိ နေရာချထားပေးထားကြောင်း NDTV က သတင်းထုတ်ပြန်သည်။
ပြည်နယ်အတွင်းရိက္ခာဖြန့်ဖြူးရေးစခန်းပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားသည်ဟု သိ၇သည်။ ရွာပေါင်း ၁၈၄ ရွာ ရေမြုပ်နေသည်ဟုဆိုသည်။