English Edition
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၅ရက်၊ ၂၀၂၅
လှူရန်
Preview
မြန်မာအနောက်ဘက်နယ်စပ်အနီးရှိ ဘင်္ဂလာဘက်ခြမ်းရွာတော်ခရိုင်တွင် ဝမ်းရောဂါဖြစ်၍ သေဆုံးသူ ၁၀ ဦးအထိရှိလာ
ဇွန် ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :8021
နိုင်ငံတကာ သတင်း
နိရဉ္စရာ၊ ဇွန် ၁၆ (နယ်စပ်ရေးရာ)
မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်နှင့် ကပ်ရပ်တည်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဗိုလ်မင်းထောင် ရွာတော် (ဘင်ဒရိုဘင်) ခရိုင်မှ ဝေးလံခေါင်သီသော ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအတွင်း အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့သည်ဟု Dhaka Tribune က ယနေ့တွင် သတင်းဖော်ပြသည်။
၎င်းတို့အနက် ကိုးဦးမှာ ခရိုင်၏တောင်ပိုင်း တန်းဆိပ်မြို့နယ်တွင် သေဆုံးခဲ့ခြင်း ဖြစ်ပြီး ကျန်တစ်ဦးမှာ အလယ်ခွာတောင်မြို့နယ် တွင်သေဆုံးခဲ့ကြောင်း ရွာတော်မြို့ပြခွဲစိတ်ဆရာဝန် Niharanjan Nandi က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
၎င်းဆရာဝန်က " ရွာတော်ခရိုင်မှာ မုတ်သုံရာသီအစမှာ ဝမ်းပျက် ဝမ်းလျှောရောဂါ နှစ်စဉ် ဖြစ်ပွားနေတာကို တွေ့ရတယ်။ ဒါက ညစ်ညမ်းတဲ့ ရေတွေကြောင့် ဖြစ်၇တာ" ဟုဆိုသည်။
ဘင်္ဂလားဒေ့ရှ် ဆေးဘက်ဆိုင်ရာအဖွဲ့သည် ထိခိုက်မှုဖြစ်ပွားရာဒေသရှိ အခြေအနေကို ထိန်းချုပ်ရန် လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
လုံလောက်သော ဆေးဝါးပမာဏကို လူမျိုးစု တိုင်းရင်းသားများနေထိုင်ရာ တန်းဆိပ်မြို့နယ်နှင့် အလယ်ခွာတောင်မြိုနယ်များသို့ ပေးပို့ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
၎င်းနေရာများမှာ လူနည်းစု တောင်ပေါ်တိုင်းရင်းသားများ နေထိုင်ရာ ဧရိယာများဖြစ်ပြီး သောက်သုံးရေပြတ်လပ်မှုကြောင့် ညစ်ညမ်းသော ရေများကို ဒေသခံများက သောက်သုံးနေကြရာမှ ဝမ်းရောဂါဖြစ်ပွားကြောင်း သိ၇သည်။
အဖွဲ့ဝင် ၁၀ ဦးပါ ကျန်းမာရေး ဆေးအဖွဲ့တစ်ဖွဲ့က ကုသပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။ ဘင်္ဂလာအာဏာပိုင်များသည် ထိုဒေသတွင် အရေးပေါ် မြေပြင်ဆေးရုံတစ်ခုကို တစ်ရက်နှစ်ရက် အတွင်း ထူထောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
#နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.